Connect with us

Hi, what are you looking for?

သတင်း

သာယာ၀တီခရိုင်ဗျူဟာ(၂၂)မှာလုပ်တဲ့ ဆေးတပ်ဖွဲ့သင်တန်းသားတွေကို သင်တန်းဆင်းလက်မှတ်ပေးအပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ၊ပဲခူးတိုင်းစစ်ဌာန၊ဆေးတပ်ဖွဲ့ ၊ ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင် ဗျူဟာ (၂၂)မှာ ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ ဆေးတပ်ဖွဲ့ သင်တန်းဆင်းသင်တန်းသားတွေကို သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ ပြုလုပ်ခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဌာနက ဒီကနေ့ မေလ ၁၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန

မေ ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ၊ပဲခူးတိုင်းစစ်ဌာန၊ဆေးတပ်ဖွဲ့ ၊ ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင် ဗျူဟာ (၂၂)မှာ ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ ဆေးတပ်ဖွဲ့ သင်တန်းဆင်းသင်တန်းသားတွေကို သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ ပြုလုပ်ခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဌာနက ဒီကနေ့ မေလ ၁၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Fighter medic training အပတ်စဥ် (၁)သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲကို ပြည့်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ် ၊ ဆေးဝန်ထမ်းဌာနခွဲမှ ဒုဌာနခွဲမှူး ဒေါက်တာဖီးလစ်၊ ပဲခူးတိုင်း ဆေးတပ်ဖွဲ့ ဒုတိုင်းတာဝန်ခံ ဒေါက်တာယုကီ ၊ ပဲခူးတိုင်းအနောက်ပိုင်း ဆေးကုသရေးတာဝန်ခံ ဒေါက်တာဒါးမိုစ့် ၊ ဗျူဟာ (၂၂)ဗျူဟာမှူး ရဲဘော်စောဂျိမ်းနဲ့ ဗျူဟာ (၂၂)က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းလက်မှတ်ပေးအပ်တာ၊ သင်တန်းဆင်းရဲဘော်တွေကို အားပေးစကား ပြောကြားခဲ့ပါတယ်။

အဲဒီ သင်တန်းကို ပဲခူးတိုင်းစစ်ဌာန၊ပြည်ခရိုင်နဲ့ သာယာဝတီခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၊ တပ်ဖွဲ့အသီးသီးမှ ရဲဘော်များ တက်ရောက်ခဲ့ကြတယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၅ ဒီဇင်ဘာကလည်း ပဲခူးတိုင်းစစ်ဌာနစိုးမိုးနယ်မြေတနေရာမှာ ကျင်းပခဲ့ပါသေးတယ်။

အဲဒီ သင်တန်းကိုပဲခူးတိုင်းစစ်ဌာန၊ စစ်ဆေးဌာနက ဖွင့်လှစ်တာဖြစ်ပြီး သင်တန်းသားတွေကို သင်တန်းဆင်းလက်မှတ်၊ တိုက်ပွဲဝင်ဆေးအိတ်၊ ဆေးတပ်ဖွဲ့ လက်မောင်းတံဆိပ်တွေ ပေးအပ်ခဲ့သလို သင်တန်းမှာ ထူးချွန်ဆု ရတဲ့ သင်တန်းသားတွေကို သင်တန်း ထူးချွန်ဆုတွေ ပေးအပ်ခဲ့ပါတယ်။

PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ်ဌာနဟာ စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်နေတဲ့ တိုင်းစစ်ဌာနဖြစ်ပြီး ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတွေမှာ စစ်ကောင်စီတပ်တွေ အထိနာစေတဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ