Connect with us

Hi, what are you looking for?

သတင်း

အင်း‌တော်စစ်မြေပြင်မှာ ​တော်လှန်​ရေးတပ်တွေအသာစီးရနေ

အင်းတော်မြို့အနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး ယမန်နေ့ကဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်သားလေးဦးသေဆုံးပြီး ရုပ်အလောင်းနဲ့လက်နက်တွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

(ထီးချိုင် နဲ့ ကသာကြားစစ်တပ်ကားတန်းကို​တော်လှန်​ရေးတပ်​တွေက​မေလဒုတိယပါတ်မှာ တိုက်ခိုက်မီးရှို့စဥ်။ဓါတ်ပုံ-Maung Saung Kha's FB)

​မေ-၁၈၊၂၀၂၅။ရွှေပြည်စိုး/People’s Spring

အင်းတော်မြို့အနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး ယမန်နေ့ကဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်သားလေးဦးသေဆုံးပြီး ရုပ်အလောင်းနဲ့လက်နက်တွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

အင်းတော်မြို့နဲ့ မဲဇာရွာကြားမှာရှိတဲ့ ပေပင်၊ နတ်မဟုတ်ကြီးနဲ့ နတ်မဟုတ်လေးရွာဘက်မှာ တိုက်ပွဲတွေဖြစ်နေပြီး မေလ ၁၇ရက်မှာ ပေပင်ရွာနဲ့ နတ်မဟုတ်လေးရွာအနီးမှာ စစ်ရေးအတင်းမာဆုံးဖြစ်ခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

“စစ်ရေးအဓိကနေရာကိုကိုယ်တပြန်သူတပြန်သိမ်းနေတဲ့ အနေအထားပါ။ မ‌နေ့ကတော့ အလောင်းလေးလောင်းနဲ့ လက်နက်တချို့ရတယ်။ စစ်တပ်က လေယာဉ်နှစ်စီးလာကြဲတယ်”လို့ အထက်ပါ သတင်း ရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)၊ ကျောင်းသားတပ်မ‌တော်(ABSDF)နဲ့ PDF ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီလ၇ရက်နေ့မှာသိမ်းယူခဲ့တာပါ။မြို့သိမ်းတိုက်ပွဲမှာတပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးကိုတော်လှန်ရေးတပ်တွေကဖမ်းဆီးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ စစ်တပ်က အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာပြီးမြို့ပေါ်ကိုပြန်လည်ထိန်းချုပ်ခဲ့ပါတယ် ။မြို့ကိုထိန်းချုပ်ပြီးတဲ့နောက်ဘေးပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးဖို့ကြိုးစားနေပြီး PDF ​တွေအပါအဝင်​တော်လှန်​ရေးပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တပ်စစ်ကြောင်းတွေဟာ မေလ ၁၃ရက်ညကတည်းက ပေပင်ရွာကနေထွက်လာတာဖြစ်ပြီး ​မေ ၁၈ ရက်နေ့အထိ တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။

မေလ ၁၃ရက်ညက ပေပင်ရွာဘက်ကနေ မဲဇာရွာဘက်ကို ထွက်လာတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့လို့ အထိနာပြီး ‌လေကြောင်းကနေ ဗုံးကြဲပြီး ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။နောက်နေ့မနက်မေလ၁၄ရက်နေ့မှာလည်း လေကြောင်းကနေဗုံးထပ်ကြဲခဲ့ပါတယ်။

မန္တလေး- မြစ်ကြီးနားကားလမ်းအတိုင်းရှိနေတဲ့ တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာမြို့နယ်တွေမှာ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မ​​တော်နဲ့ ပူး​ပေါင်းတပ်တွေကတိုက်ခိုက်နေပါတယ်။ အဲ့ဒီ စစ်ဆင်ရေးနယ်မြေတွေအတွင်း ဝင်ရောက်လာတဲ့ စစ်တပ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး စစ်တပ်က အဓမ္မစစ်မှုထမ်းခိုင်းထားတဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)တွေကို ​ရှေ့ကတက်ခိုင်းပြီး စစ်မျက်နှာဖွင့်နေပေမယ့် ကာကွယ်ရေးတပ်တွေက တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် စစ်တပ်အင်အား အဆမတန် ပြုန်းတီးထိခိုက်နေတယ်လို့ အသိပေးထားပါတယ်။ ပြည်သူတွေ ယုံကြည်အားကိုးရပြီး ကျစ်လျစ်ခိုင်မာတဲ့တပ်မတော်တရပ်ဖြစ်လာစေဖို့ မဆုတ်မနစ် ကြိုးပမ်းတည်ဆောက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော