Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ဦးထိပ်ထားတဲ့ ဖားကန့်က ကျော်သောင်းအိမ်

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။

Screenshot

ရွှေပြည်စိုး/ People’s Spring

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။

ဗရုတ်သုခဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းက ဖားကန့်မှာ မေလ ၁၇ ရက်နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တာပါ။ကျော်သောင်းရဲ့ နေအိမ်ပေါ် အာဏာသိမ်းစစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲမီးလောင်မှုကို လာငြှိမ်းသတ်တဲ့ မီးသတ်ကားကမီးငြိမ်းကာမှ ကဆုန်ဆိုင်းပြီးမောင်းချလာတာကနေ ဒေသခံတွေအကြားအုတ်အော် သောင်းနင်းဖြစ်ကုန်တာပါ။

စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကနေ နေ့လယ် ၁၂နာရီကျော်မှာ လုံးခင်းကျေးရွာအုပ်စု ရပ်ကွက်(၄)ထဲက ပြည့်တန်ဆာလုပ်ငန်းလုပ်တဲ့ အိမ်ပေါ်ကို ကျရောက်ပေါက်ကွဲတာလို့ ဒေသခံ တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီအိမ်ဟာ ဦးကျော်သောင်းဆိုသူ ဖွင့်လှစ်ထားတဲ့ပြည့်တန်ဆာလုပ်ငန်းလုပ်တဲ့ အိမ်ဖြစ်ပါတယ်။ လုပ်ငန်းကိုတော့ ဦးကျော်သောင်းရဲ့မိန်းမ ဒေါ်အေးက ဦးစီးပါတယ်။အဲဒီအိမ်ကိုကျော်သောင်းအိမ်လို့လူသိများပြီး အိမ်ရှိတဲ့လမ်းကိုတောင် ကျော်သောင်းလမ်းလို့ နာမည်ကြီးပါတယ်။

ပေါက်ကွဲမီးလောင်မှုကနေ့လယ် ၁၂နာရီ ၅မိနစ်ခန်းမှာဖြစ်ပြီး ဒေသခံတွေက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြပါတယ်။လုံးခင်းမီးသတ်တပ်ဖွဲ့က မီးသတ်ကားကတော့ မီးငြိမ်းပြီး ၁၅ မိနစ်ခန့်ကြာမှာ ရုပ်သံမှာ မြင်ရတဲ့အတိုင်း ကဆုန်ဆိုင်းပြီး ရောက်ချလာတာဖြစ်ပါတယ်။

“ကျော်သောင်းအိမ်ကိုစစ်တပ်ရော၊ရဲရော၊မီးသတ်ရော၊ ဌာနဆိုင်ရာရော အကုန်ကြိုက်တယ်။ ကျော်သောင်းအိမ်လောင်တယ်ဆိုတော့ ပြေးလာတာမှ ခွေးတွေတော်သလင်းလ နွားမြုင်လိုက်သလိုပဲ” လို့ ဒေသခံတစ်ဦးက မီးသတ်ကား​ရောက်လာပုံကိုကြည့်ပြီးပြောပါတယ်။

စစ်တပ်လက်နက်ကြီးကျည် ​ပေါက်ကွဲမီးလောင်မှု​ကြောင့် ကံဆိုးစွာ အိမ်ထဲကအမျိုးသမီးသုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားပါတယ်။ စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တာလို့ ဒေသခံအများစုကပြောပါတယ်။ဒါ​ပေမယ့် အနည်းစုကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ PDF ယူနီဖောင်းဝတ်ပြီး ကျော်သောင်းအိမ်ကို သွားစဉ်မှာ KIA၊KPDF ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတာလို့ပြောကြပါတယ်။ သေဆုံးသူတွေနဲ့ဒဏ်ရသူတွေအတွက် ထောက်ပံ့မှုတွေပေး၊ မပေးလည်းရှင်းရှင်းလင်းလင်းမသိရပါဘူး။

ဖားကန့်မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို စစ်တပ်က ပစ်ခတ်နေလို့ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ စစ်ရေးတင်းမာနေချိန်အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။မေလ ၆ရက်က လုံးခင်းကျေးရွာအုပ်စု၊ ရပ်ကွက်(၄)ထဲကို စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားနှစ်ဦးဒဏ်ရာရခဲ့ပါတယ်။ မေလ၇ရက်နေ့ကတော့ မိုင်းပေါက်ကွဲပြီးကလေးငယ်တစ်ဦးသေဆုံးခဲ့ပါတယ်။

မေလ ၈ရက်မှာလုံးခင်းကျေးရွာအုပ်စု၊ မလောင်ရွာထဲက ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုနဲ့လုံးခင်းဂေါက်ကွင်းလမ်း၊ကုဋေလမ်းဆုံအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။ဖားကန့်မြို့နယ်ထဲကို စစ်တပ်စစ်

ကြောင်းတွေထပ်မံဝင်ရောက်လာလို့ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အခြေအနေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးကို ပိုပြီးသတိပြုနေထိုင်ကြဖို့ KIA၊KPDF က သတိပေးထားပါတယ်။

မီးသတ်တပ်ဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံဖြစ်ပြီး စစ်အုပ်စုရဲ့ညွှန်ကြားချက်အတိုင်း ရပ်တည်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ အညာဒေသ လူထုတော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့မြေပြင်စစ်ကြောင်းမီးရှို့မှုတွေကြောင့် နေအိမ်တွေမီးလောင်တဲ့အခါ စစ်တပ်ရဲ့ခွင့်ပြုချက်မရရင် မီးသတ်တပ်ဖွဲ့က ငြှိမ်းသတ်ပေးခြင်းမရှိပါဘူး။စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်တွေမှာတော့ မီးလောင်မှုတွေကိုင်ြှိမ်းသတ်ပေးနေသလို လုံးခင်းကျေးရွာအုပ်စုက ကျော်သောင်းအိမ်မီးလောင်မှုကိုလာငြှိမ်းသလိုပဲ နောက်ကျပြီးမှရောက်လာတာတွေ၊ အချိန်မီရောက်လာပေမယ့်ရေမပါတာတွေလည်း ရှိနေပါတယ်။

​ကျော်​သောင်းအိမ် မီးငြိမ်းဖို့ဆိုပြီး ကိုရိုကားယား​ရောက်လာတဲ့ မီးသတ်ကားကို စစ်တပ်ထောက်ခံသူ တဦးကလည်း အခုလိုမှတ်ချက်ပြုထားပါတယ်။

“ဆေးရုံမီးလောင်လည်းမလာဘူး။ လူမှုကူညီရေးအသင်းမီးလောင်လည်းမလာဘူး။ ပြည်သူ့အိမ်တွေ မီးဘယ်လောက်လောင်လောင်မလာဘူး။

…မီးလောင်မှ ကဆုန်ပေါက်ပြီး ပေါက်ချလာတာ ဒီမီသတ်ကားက ဘာလား” ။ ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။