Connect with us

Hi, what are you looking for?

သတင်း

ကျိန္တလီမြို့ကို စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၉ ဦးဒဏ်ရာရ

ဂွမြို့နယ်၊ကျိန္တလီမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲသွားတာကြောင့် ဒေသခံအရပ်သားကိုးဦးဒဏ်ရာရခဲ့ပါတယ်။

(စစ်တပ်ဗုံးကြဲမှု​ကြောင့် ​နေအိမ်တအိမ်ပျက်စီး​နေစဥ်။ ။ဓါတ်ပုံ-ABN)

​မေ-၂၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဂွမြို့နယ်၊ကျိန္တလီမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်ကဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲသွားတာကြောင့် ဒေသခံအရပ်သားကိုးဦးဒဏ်ရာရခဲ့ပါတယ်။

မေလ ၂၁ ရက်၊ မနက်၉ နာရီခန့်မှာ ဗုံးကြဲသွားတာဖြစ်ပြီး မြို့ပေါ်က အမှတ် (၂) ရပ်ကွက်ကိုဦးတည်ပြီးဗုံးကြဲခံ့တာလို့ဒေသခံတွေကပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နေအိမ်နှစ်လုံးပျက်စီးသွားပြီး အိမ်ထဲမှာရှိနေတဲ့ အမျိုးသမီးငါးဦး၊ အမျိုးသားလေးဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အာရက္ခတပ်တော်(AA)သိမ်းယူထားတဲ့ကျိန္တလီမြို့ဟာ ဧရာဝတီတိုင်းနဲ့ဆက်စပ်နေပါတယ်။ စစ်ကောင်စီက ငါးသိုင်းချောင်း-ဂွလမ်းကတဆင့် ရခိုင်ပြည်နယ်ကိုထိုးစစ်ဆင်ဖို့ ကြိုးစားနေပြီး ငါးသိုင်းချောင်း-ဂွလမ်းမှာရှိနေတဲ့ အမြောက်တပ်(၃၄၄)ကို AAနဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်နေကြပါတယ်။

စစ်တပ်ကရခိုင်ပြည်နယ်ကဆုံရှုံးထားတဲ့မြို့နယ်တွေကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးပမ်းနေ​ပေမယ့် AA ရဲ့တိုက်ခိုက်မှု​ကြောင့် စစ်မျက်နှာတိုင်းမှာစစ်တပ်အထိနာ​နေပါတယ်။စစ်တပ်ကအရပ်သားပြည်သူတွေကိုပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်နေလို့ လုံခြုံရေးသတိပြုဖို့ AAက မကြာခဏသတိပေးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook