Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းက PDF စိုးမိုးနယ်မြေတွေမှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရရှိပြီး မီးရှို့ဖျက်ဆီး

မန္တလေးတိုင်းက PDF စိုးမိုးနယ်မြေတွေမှာမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့လို့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF

ဇွန် ၃၊ ၂၀၂၅။မေရီ/People’s Spring

မန္တလေးတိုင်းက PDF စိုးမိုးနယ်မြေတွေမှာမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့လို့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ (၂)ရက်နေ့မှာစဉ့်ကူးမြို့နယ်နဲ့သပိတ်ကျင်းမြို့နယ်တို့မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများ (၆၇၆၂၆)ပြားခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မန္တလေး PDFက အသိပေးပါတယ်။

ဒါ့အပြင် မေလ (၃၁)ရက်နေ့ကလည်း မတ္တရာမြို့နယ်မှာပါ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ မတ္တရာမြို့နယ် ပအဖ ပလဖ တာဝန်ခံများ ၊ ဌာနဆိုင်ရာ ရေးရာတာဝန်ခံများ ပူးပေါင်းပြီး ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ မန္တလေး PDFက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခဲ့တဲ့ အ​ခြေအ​နေ အသေးစိတ်ကို​တော့မသိရသေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ထိန်းချုပ်စိုးမိုးနယ်မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများ ၊ သုံးစွဲသူများကို ထိထိရောက်ရောက်ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။