Connect with us

Hi, what are you looking for?

သတင်း

“မန္တ​လေးကို သိမ်းမယ် ၊ မန္တ​လေးကိုသိမ်းမယ်”

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်​တွေကို ဇန်နဝါရီ၁၀မှာ ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်​တွေကို ဇန်နဝါရီ၁၀မှာ ထုတ်ပြန်ပါတယ်။

PDF ​တွေဟာ “မန္တ​လေးကို သိမ်းမယ် ၊မန္တ​လေးကို သိမ်းမယ်” လို့ သင်တန်းဆင်းပွဲမှာ​ကြွေး​ကြော်ခဲ့ကြသလို ၊ အဆို​တော် လင်းလင်းရဲ့”​ရောင်နီ ” ​သီချင်းကိုဟစ်​ကြွေးခဲ့ကြပါတယ် ။

သင်တန်းဆင်းပွဲကို ဘယ်​နေ့က ဆင်းတယ်ဆိုတာမထုတ်ပြန်​ပေမယ့် ဒီရက်သတ္တပါတ်အတွင်းမှာဖြစ်ဖွယ်ရှိပါတယ် ။

Public Service Announcement

Public Service Announcement

မန္တ​လေး PDF ဟာ​နွေဦး​တော်လှန်​ရေးမှာ​ပေါ်​ပေါက်လာတဲ့ ​တော်လှန်​ရေးတပ်​တွေထဲမှာ တိုက်စွမ်းရည်ထက်မြတ်လှတဲ့ တပ်ဖွဲ့ဖြစ်ပါတယ် ။

စစ်အုပ်စုကို အကြိမ်ကြိမ် အထိနာ​အောင်တိုက်ခိုက်နိုင်ခဲ့သလို မန္တ​လေးPDF ဟာမဟာမိတ်တပ်​တွေနဲ့ပူး​ပေါင်းပြီးစဥ့်ကူးမြို့နယ် ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ဒါအပြင်မတ္တရာမြို့နယ်​ရှေ့ပိုင်း က စစ်တပ်စခန်း​ပေါင်း ၄၀ ခန့်ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ဒါအပြင် TNLA အပါအဝင် မဟာမိတ်တပ်​တွေနဲ့အတူ ​နောင်ချို ၊ မိုးကုတ် ၊မိုးမိတ် မြို့​တွေကိုလည်း သိမ်းပိုက်ထားပါတယ်။

ရုပ်သံ-မန္တ​လေး(PDF)

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က PDFရဲဘော်များ စျေးဝယ်ရာတွင်လိုက်နာရမည့်အချက်များအား ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၂၂ရက်က ထုတ်ပြန်ခဲ့သည့်ကြေညာချက်အား ယခုအခါ စိုးမိုးနယ်မြေရှိ စျေးဆိုင်အရောင်းဆိုင်များ၌ လိုက်လံကပ်ထားခဲ့ခြင်းဖြစ်သည်။

သတင်း

စဥ့်ကူးမြို့သိမ်းတိုက်ပွဲ၌ စစ်သုံ့ပန်းဖမ်းဆီးရမိခဲ့သည့် ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကယနေ့(ဇူလိုင်၂၉ရက်) ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

သတင်း

မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များ တော်လှန်ရေးအသိသတိရှိပေးရန်နှင့် လေးစားလိုက်နာရမည့် ကျင့်ဝတ်စံနှုန်းများနှင့်အညီ ပြုမူနေထိုင်ပေးရန် မန္တလေး PDFတိုက်တွန်း

သတင်း

ဇူလိုင် ၂၄ ရက် ညနေ ၃နာရီ မိနစ် ၄၀ခန့်က မိုးကုတ်ဗျူဟာကုန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်တွေ့ရသည့်အခြေအနေ မှတ်တမ်းဓာတ်ပုံများအား မိုးကုတ်ဗျူဟာက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။