Connect with us

Hi, what are you looking for?

သတင်း

ကသာ-နဘားကြားမှာစစ်တပ်ယာဥ်တန်းကို​တော်လှန်​ရေးတပ်​တွေတိုက်ခိုက် စစ်သား၁၃ဦးသေ၊လက်နက်ခဲယမ်းတွေသိမ်းရ

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတိုက်ပွဲဖြစ်ပွားနေတဲ့လမ်းပိုင်းနေရာတွေအသုံးမပြုဖို့ ကသာခရိုင် ထုတ်ပြန်

(ကသာ -နဘားကြားတိုက်ပွဲ စစ်တပ်ထံကသိမ်းရတဲ့ လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ဒေသခံ)

မေ-၂၄၊၂၀၂၆။ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း ကသာခရိုင် ကသာ-နဘားလမ်းပိုင်းကြားမှာ စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်သေဆုံးမှုများရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့တယ်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

မေလ၂၄ရက်မနက်မှာ ကသာနဲ့ နဘားလမ်းပိုင်းကြားရှိ ပင်းမလွတ်ရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ကသာဘက်က တက်လာတဲ့ စခ ကား ၃စီးကို တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်တာ စခ ၁၃ယောက်သေ၊ လက်နက်နဲ့ခဲယမ်းများ စစ်အသုံးအဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရရှိထားတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

(ကသာ -နဘားကြားတိုက်ပွဲ စစ်တပ်ထံကသိမ်းရတဲ့ လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – ဒေသခံ)

လတ်တလောမှာ ကသာခရိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်နေလို့ တိုက်ပွဲဖြစ်တဲ့ ဒေသက လမ်းပိုင်းတွေ ကို အရပ်သားပြည်သူတွေ အသုံးမပြုဖို့ ကသာခရိုင် ကွပ်ကဲရေးရုံးက မေလ ၂၄ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

စစ်တပ်က အရပ်သားကားတွေ ချောဆွဲတာ၊ အရပ်သားကားများကိုပုံမှားရိုက်ပြီးစစ်လက်နက်ခဲယမ်းပို့ဆောင်နေတာ​တွေလုပ်နေလို့ထီးချိုင့် ၊ ကသာ ၊ အင်းတော်-နဘား ၊ မော်လူး ၊ နန့်စီးအောင်လမ်းပိုင်းအသုံးပြုနေသော ခရီးသွားပြည်သူများအနေနဲ့မေလ ၂၄ရက်ကစပြီးလမ်းပိုင်းအားအသုံးမပြုကြဖို့ သတိပေးထားတာပါ။

“စစ်ကောင်စီက သွားလာနေတဲ့ ယာဉ်ယန္တရားတွေကို ချောဆွဲ၊ပေါ်တာဆွဲပြီးတော့ အသုံးပြုခြင်း၊ လက်နက်ခဲယမ်းများသယ်ခြင်းပေါ့နော် အဲဒါမျိုးတွေက ဒီဘက်မှာလည်း သတင်းရှိလာလို့ ပစ်ခတ်တဲ့အခါမျိုးရှိလာလို့ရှိရင် ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ သူတို့ပိုင်ဆိုင်တဲ့ ယာဉ်ယန္တရားတွေ ဆုံးရှုံးမှာ စိုးရိမ်လို့ပါ” လို့​ ကသာမြို့နယ်ကတော်လှန်​ရေးတပ်ဖွဲ့ဝင်တဦးက​ပြောပါတယ်။

အဲဒီ​ဒေသမှာတိုက်ပွဲကနေ့တိုင်းပြင်းထန်နေတယ်လို့သတင်းရင်းမြစ်တဦးကပြောပါတယ်။

အများပြည်သူများထိခိုက်နစ်နာမှာစိုးရိမ်လို့ အခုလို သတိပေးတာဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ဒေသန္တရထုတ်ပြန်ချက်များကို သိရှိပြီး လေးစာလိုက်နာပေးကြဖို့ ပန်ကြားထားပါတယ်။မလိုက်နာလို့ ဖြစ်လာတဲ့ ပြဿနာတွေကို တာဝန်ယူဖြေရှင်းပေးမှာမဟုတ်လို့ အသိပေးထားပြီး လမ်းပိုင်း ပြန်ဖွင့်မယ့်ရက်ကို ပြန်ထုတ်ပြန်မယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူပို့မယ့် စစ်တပ်ယာဉ်တန်းတွေ ပေါက်နဲ့ ဆောမြို့နယ်ကြားကို ရောက်လာပြီလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။