Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်မှုထမ်းတပ်သားသစ် ၆ ဦး PDF ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

(အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၆ဦး။ ဓာတ်ပုံ - People's Defence Force - မြိတ်ခရိုင်တပ်ရင်း ၃)

မေ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူတွေဟာ အပတ်စဉ် (၂၂)စစ်သင်တန်းဆင်း သူတွေဖြစ်ပြီး မေလ ၂၃ရက်မှာ လက်နက်မပါဘဲ အလင်းဝင်ရောက်လာကြတာလို့ ဆိုပါတယ်။

ခမရ(၅၅၈)တပ်ရင်းမှာ သင်တန်းတက်နေစဉ် မေလ ၂၁ ရက် ညနေမှာ ထွက်ပြေးလာတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသူ ၆ ဦးစလုံးဟာ စစ်တပ်ရဲ့ အတင်းအဓမ္မ ပေါ်တာဆွဲ စုဆောင်းခြင်းခံရသူများဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တပ်ရဲ့ ပြည်သူအပေါ်အကြမ်းဖက်မှုများအား လက်မခံနိုင်လို့ တပ်က ထွက်ပြေးလာတာဖြစ်ကြောင်း ဖော်ပြထားကာ သူတို့ကို နွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ထားတယ်လို့ အသိပေးပါတယ်။

အလင်းဝင်လာသူတွေရဲ့ ပြောပြချက်အရ ခမရ (၅၅၈)တပ်ရင်းမှာ မွမ်းမံသင်တန်းတက်နေတဲ့သူ ၅၅ ဦး ရှိပြီး အသက် ၁၆ နှစ်အရွယ် ကလေးငယ် ၆ဦး ပါရှိတယ်လို့ သိရကြောင်း ဖော်ပြထားပါတယ်။

အရင်ကလည်း တနင်္သာရီအခြေစိုက် စစ်ကောင်စီတပ်ရင်းအချို့က ပြည်သူ့စစ်မှုထမ်း တပ်သားသစ်အချို့ ထွက်ပြေးလာပြီး PDF ထံ အလင်းဝင်ရောက်မှုတွေရှိပါတယ်။

မတ်လ ၆ရက်ကလည်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအနောက်ကမ်းရွာ အခြေစိုက် ခမရ(၅၆၁)တပ်ရင်းက တပ်သား ၂ဦး အလင်းဝင်ရောက်လာခဲ့ပါတယ်။ အဲဒီ တပ်သား ၂ဦး အပါအဝင် စစ်တပ်အာဏာသိမ်းမှု ၅နှစ်တာအတွင်း ခမရ( ၅၆၁)က စစ်ကောင်စီတပ်သား ၂၀ ကျော် PDF တွေဆီ အလင်းဝင်ရောက်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း(၂)က ထုတ်ပြန်ထားပါတယ်။

တနင်္သာရီမြို့နယ်ဟာ PDF တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်ပွားခဲ့တဲ့ ဒေသဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်း လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်း စစ်သင်တန်းပေးပြီး ရှေ့တန်းမှာ အသေခံတိုက်ခိုက်နေသလို စစ်မှုထမ်း တပ်သားသစ်တွေဟာလည်း တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ စစ်ကောင်စီတပ်က ထွက်ပြေးပြီး တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပူးပေါင်းမှုတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ