Connect with us

Hi, what are you looking for?

သတင်း

ရွှေကုက္ကိုလ်မြို့ကိုအာဏာသိမ်းစစ်တပ်ဝင်စစ်ဖို့စီစဉ်နေပြန်

ကရင့်န​ယ်ခြားစောင့်တပ် (BGF)ခေါင်းဆောင်ပိုင်းဗိုလ်မှုးချုပ်စောချစ်သူ ထိန်းချုပ်ထားတဲ့ထိုင်း – မြန်မာနယ်စပ်ရှိ ရွှေကုက္ကိုလ်မြို့ကို လာမယ့်ရက်ပိုင်းအတွင်းအာဏာသိမ်းစစ်တပ်ကကျားဖြန့်နှိမ်နင်းရေးအကြောင်း ပြချက်နဲ့ ထပ်မံဝင်ရောက်စစ်ဆေးဖို့ရှိနေတယ်လို့ BGF နဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလအတွင်း ရွှေကုက္ကိုလ် မြို့ ရှိ ကျားဖြန့်လုပ်ငန်းတွေကို စစ်ကောင်စီတပ် နဲ့ BGF တို့ စစ်ဆေးခဲ့ပုံ။ ဓာတ်ပုံ - The Reporters

မေ – ၂၅ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင့်န​ယ်ခြားစောင့်တပ် (BGF)ခေါင်းဆောင်ပိုင်းဗိုလ်မှုးချုပ်စောချစ်သူ ထိန်းချုပ်ထားတဲ့ထိုင်း – မြန်မာနယ်စပ်ရှိ ရွှေကုက္ကိုလ်မြို့ကို လာမယ့်ရက်ပိုင်းအတွင်းအာဏာသိမ်းစစ်တပ်ကကျားဖြန့်နှိမ်နင်းရေးအကြောင်း ပြချက်နဲ့ ထပ်မံဝင်ရောက်စစ်ဆေးဖို့ရှိနေတယ်လို့ BGF နဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဦးဆောင်တဲ့စစ်ဆေးရေးအဖွဲ့ဟာရွှေကုက္ကိုမြို့ကို မေလကုန်ခါနီးရက်ပိုင်းတွေ မှာထပ်မံဝင်ရောက်စစ်ဆေးဖို့ စီစဉ်နေတာပါ။

အဲဒီစစ်ဆေးမှုမှာလည်းထိုင်းဘက်ကလည်းပါဝင်မယ်လို့ကနဦးသိထားရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ရွှေကုက္ကိုလ်မှာရှိတဲ့တရုတ်နိုင်ငံသားအချို့ဟာတခြားနေရာတွေဆီကြိုတင်ပြီးရွှေ့ပြောင်းနေကြပြီလို့ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။

BGF ရဲ့ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးကြီးနိုင်မောင်ဇော်ကတော့ရွှေကုက္ကိုဒေသမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတာမရှိဘူးလို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့နှစ် ၊နိုဝင်ဘာလအတွင်း စစ်တပ်ဦးဆောင်တဲ့အဖွဲ့စုံကရွှေကုက္ကိုမြို့မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းနေရာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသားတွေပါဝင်တဲ့ကျားဖြန့်လုပ်သားတွေကိုသက်ဆိုင်ရာနိုင်ငံတွေဆီပြန်လွှဲပြောင်းပေးပို့ခဲ့တယ်လို့ ဝါဒဖြန့်ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှုးချုပ်စောချစ်သူ BGF တပ်ဖွဲ့ဟာကျားဖြန့် ၊လူကုန်ကူးမှုနဲ့ တရားမဝင်ရာဇဝတ်စီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေတယ်လို့ Justice For Myanmar (JFM) က ၂၀၂၄ မေလက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နှစ် ၊မေလမှာလည်းအမေရိကန်အစိုးရကကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှုးကြီးစောချစ်သူနဲ့ သားနှစ်ယောက်ကို ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှု အသစ်တွေကိုချမှတ်လိုက်ပါတယ်။

အမေရိကန်နိုင်ငံသားတွေကိုပစ်မှတ်ထားပြီးအွန်လိုင်းငွေကြေးလိမ်လည်မှု တွေ၊ လူမှောင်ခိုမှုတွေနဲ့ နယ်စပ်ဖြတ်ကျော်မှောင်ခိုမှုတွေအတွက် အရေး ယူတာဖြစ်တယ်လို့အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကဆိုထားပါတယ်။

ဗိုလ်မှုးချုပ်စောချစ်သူကတော့ ကျားဖြန့် လုပ်ငန်းအပြင် တရားမဝင်လုပ်ငန်းတွေ နဲ့ပတ်သက်တာမရှိဘူးလို့ စွပ်စွဲချက်တွေကို မီဒီယာတွေကတဆင့် ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။