Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရောက်မြန်မာတွေကတစ်နှစ်ကို ဘတ်၂၂၁ ဘီလီယံလောက်သုံးစွဲနေတယ်လို့စစ်တမ်းတစ်ခု​ဖော်ပြ

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ တစ်နှစ် ငွေကြေးသုံးစွဲမှုဟာ ဘတ်ငွေ ၂၂၁ ဘီလီယံလောက်ထိ များပြားနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

(ဘန်​ကောက်မြို့ ၊မဟာချိုင်မှာ CI ကတ်လုပ်ဖို့​စောင်းဆိုင်း​နေတဲ့ ထိုင်း​ရောက်မြန်မာအလုပ်သမားမျာ(ပုံအ​ဟောင်းဖြစ်ပါတယ်)။ဓါတ်ပုံ-CJ)

​မေ-၂၆၊၂၀၂၆။People’s Spring

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ တစ်နှစ် ငွေကြေးသုံးစွဲမှုဟာ ဘတ်ငွေ ၂၂၁ ဘီလီယံလောက်ထိ များပြားနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

စီးပွားရေး အကြံပေးဌာန Happiosက ထုတ်ပြန်တဲ့ စစ်တမ်းမှာတော့ အဲဒီလို မြန်မာနိုင်ငံသားတွေရဲ့ များပြားတဲ့ ငွေကြေး သုံးစွဲမှုဟာ လျင်လျင်မြန်မြန် တိုးတက်လာနေပေမယ့် အာရုံစိုက်မှုတွေကနေ ကင်းလွတ်နေတတ်တဲ့ဘတ် ၂၂၁ ဘီလီယံတန် ငွေလုံးငွေရင်း အရင်းအမြစ်တစ်ခု ဖြစ်လာနေတယ်လို့ သုံးသပ်ပြထားပါတယ်။

စစ်တမ်းရဲ့အဆိုအရ ထိုင်းမှာ မြန်မာနိုင်ငံသား ၄ သန်းကျော်လောက်ရှိနေပြီး သူတို့ရဲ့ငွေကြေးရှာဖွေ စုဆောင်းမှု လုပ်ခ စုစုပေါင်း ၆၅ ရာခိုင်နှုန်းကို ထိုင်းမှာပဲ ပြန်လည် အသုံးပြုနေဖွယ်ရှိကြောင်း ​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ ထိုင်းရောက် မြန်မာ အများစုကိုဝင်ငွေနည်း အခြေခံ လုပ်သားတွေအဖြစ် သတ်မှတ်ထားတဲ့ ပုံရိပ်နဲ့ ဆန့်ကျင်စွာပဲအားကောင်းတဲ့ဝယ်ယူနိုင်အားကို ညွှန်ပြနေခြင်း ဖြစ်တယ်လို့ Happiosက ဆိုပါတယ်။

စီးပွားရေး ပညာရှင်တွေကတော့ အဲဒီ ထိုင်းရောက် မြန်မာတွေကို ‘အပြာရောင်သမုဒ္ဒရာစျေးကွက်’လို့ ရည်ညွှန်းလေ့ ရှိပါတယ်။အဓိပ္ပါယ်ကတော့ ပမာဏ ကြီးမားပေမယ့် ထိုင်းရဲ့ စီးပွားရေး လုပ်ငန်းတွေ၊ အမှတ်တံဆိပ်တွေက သေချာပစ်မှတ်ထား အာရုံစိုက်ခြင်းမျိုးမရှိသေးတဲ့အခြေအနေကို ဆိုလိုတာပါ။

သရုပ်ခွဲကြည့်ရင်တော့ အဲဒီ အပြာရောင်သမုဒ္ဒရာ စျေးကွက်ရဲ့ ငွေကြေးတွေဟာ ထိုင်းရဲ့ အစားအသောက် စျေးကွက်ထဲကို ၁၇.၄ ရာခိုင်နှုန်း၊ အိမ်ခြံမြေ စျေးကွက်ဆီကို ၁၃.၈ ရာခိုင်နှုန်း၊ ဒစ်ဂျစ်တယ်နဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းတွေဆီ ၈ ရာခိုင်နှုန်းနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေအတွက် ၄ ရာခိုင်နှုန်းလောက်စီ အဓိက စီးဝင်နေတယ်လို့ သိရပါတယ်။

ထိုင်းရောက် မြန်မာတွေဟာ ဘန်ကောက်မြို့တော်နဲ့ ဆင်ခြေဖုံးတွေမှာ အများဆုံးအဖြစ် စုစုပေါင်း ၃၁.၈ ရာခိုင်နှုန်းလောက် နေထိုင်နေပြီး ထိုင်းနိုင်ငံ အလယ်ပိုင်း ပြည်နယ်တွေမှာ ဖြန့်ကျက်နေထိုင်သူ ၃၉.၂ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်တမ်းမှာတော့ ထိုင်းကုမ္ပဏီ အများအပြားဟာ ပြည်တွင်းကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို စျေးပေါတဲ့အောက်ခြေလုပ်သားတွေ အနေနဲ့သာသတ်မှတ်ယူဆထားပြီးသူတို့ရဲ့ စားသုံးသူပုံရိပ်၊တစ်နည်းအားဖြင့်ငွေသုံးစွဲနိုင်အားအပေါ် မျက်ခြေပြတ်နေတယ်လို့ ထောက်ပြထားပါတယ်။

ထိုင်းအမှတ်တံဆိပ်တွေ အနေနဲ့ မြန်မာ ဖောက်သည်တွေကို ဆွဲဆောင်ရာမှာ မြန်မာ ဘာသာပြန်ပြီး စာရေးထားပေးရုံ အဆင့်လောက် အပျင်းထူတဲ့ အရောင်းမြှင့်တင်ရေး မဟာဗျူဟာတွေအစား ယုံကြည်မှုတည်ဆောက်နိုင်တဲ့အဆင့်မျိုးထိ ကြိုးစား လုပ်ဆောင်သင့်တယ်လို့လည်း စီးပွားရေး ပညာရှင်တွေက အကြံပြုခဲ့ပါတယ်။

လက်ရှိမှာတော့အဲဒီစျေးကွက်ဟာမတို့မထိရသေးတဲ့ အသစ်စက်စက်သဘောမျိုးရှိနေပြီးမကြာခင် ပြိုင်ဆိုင်မှုတွေ ပြင်းထန်မလာခင်ထိုင်းကုမ္ပဏီတွေ အနေနဲ့ စနစ်တကျ လက်ဦးမှုယူပြီး ပြင်ဆင်သင့်ကြောင်းလည်း တိုက်တွန်းမှုတွေ ရှိနေပါတယ်။

ကိုးကား- The Nation

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာ ၁၀ ဦးဒဏ်ရာရရှိမှု ဒီကနေ့ စက်တင်ဘာ ၁ ရက် နံနက်က ဖြစ်ပွားခဲ့ပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

Facebook