Connect with us

Hi, what are you looking for?

သတင်း

ထိုင်း – မြန်မာနယ်စပ်ကုန်သွ​ယ်ရေးတံတားပြန်ဖွင့်

တစ်နှစ်နီးပါးကြာပိတ်ထားခဲ့ရတဲ့ကရင်ပြည်နယ်၊မြ၀တီမြို့ရှိထိုင်း-မြန်မာအမှတ်(၂)ချစ်ကြည်ရေးတံတားကိုဒီနေ့(မေလ ၂၈ ရက်)နေ့မနက်ပိုင်းမှာပြန်လည်ဖွင့်လှစ်လိုက်ပြီလို့မြ၀တီမြို့ခံတွေရဲ့ပြောချက်အရသိရပါတယ်။

အမှတ် (၂) တံတားရဲ့ထိုင်းဘက်ခြမ်းကိုဒီနေ့မနက်ပိုင်းတွေ့ရပုံ။ ဓာတ်ပုံ - กิตติศักดิ์ บุญจันทร์/FB

မေ – ၂၈ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

တစ်နှစ်နီးပါးကြာပိတ်ထားခဲ့ရတဲ့ကရင်ပြည်နယ်၊မြ၀တီမြို့ရှိထိုင်း-မြန်မာအမှတ်(၂)ချစ်ကြည်ရေးတံတားကိုဒီနေ့(မေလ ၂၈ ရက်)နေ့မနက်ပိုင်းမှာပြန်လည်ဖွင့်လှစ်လိုက်ပြီလို့မြ၀တီမြို့ခံတွေရဲ့ပြောချက်အရသိရပါတယ်။

နယ်စပ်ကုန်စည်ပို့ဆောင်ရေးအတွက်အသုံးပြုနေတဲ့ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတားကိုပြီးခဲ့တဲ့နှစ်ဩဂုတ်လအတွင်းက အာဏာသိမ်းမြန်မာစစ်ကောင်စီဘက်ကတဖက်သတ်ပိတ်ခဲ့တာပါ။

ဒီနေ့ မနက်၁၀နာရီခွဲမှာထိုင်း-မြန်မာအမှတ်(၂)ချစ်ကြည်ရေးတံတားကို ထိုင်းနိုင်ငံဘက်ခြမ်းကဖွင့်လှစ်လိုက်ပြီးထိုင်းကုန်ကားတချို့လည်းမြန်မာ နိုင်ငံဘက်ခြမ်းနယ်စပ်ဂိတ်ကိုဖြတ်သန်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မြ၀တီကကုန်သည်တစ်ဦးနဲ့ မြို့ခံတွေရဲ့ပြောဆိုချက်အရထိုင်း-မြန်မာအမှတ်(၂)ချစ်ကြည်ရေးတံတားနယ်စပ်ဂိတ်တွေဒီနေ့မနက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက်ထိုင်းဘက်ကဝင်ရောက်လာတဲ့ကုန်တင်ကားတွေကိုမြန်မာဘက်ခြမ်း နယ်စပ်ဂိတ်ကပစ္စည်းစစ်တာ၊ ဓာတ်ပုံရိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမြ၀တီမြို့နဲ့ထိုင်းနိုင်ငံမဲဆောက်မြို့ကိုချိတ်ဆက်ထားတဲ့ ထိုင်း-မြန်မာအမှတ်(၂)ချစ်ကြည်ရေးတံတားဟာကုန်စည်ကူးသန်းပို့ဆောင်ခွင့်အတွက်အဓိကထားအသုံးပြုနေတဲ့တံတားဖြစ်ပြီး အမှတ်(၁) ချစ်ကြည်ရေးတံတားကတော့ ဖြတ်သန်းသွားလာမှုအတွက်သာ အသုံးပြုတာပါ။

စစ်ကောင်စီဟာပြီးခဲ့တဲ့ဧပြီလ ၂ ရက်နေ့ကထိုင်း-မြန်မာနယ်စပ်ကုန် သွယ်ရေးလမ်းပိုင်းအာရှလမ်းမကြီးကိုပြန်ထိန်းချုပ်ပြီးနောက်နှစ်လအကြာမှာထိုင်း-မြန်မာအမှတ်(၂)ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်လိုက်တာပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။