Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေမှာပါဝင်​ပေးကြဖို့ ကင်မ်တိုက်တွန်း

စစ်တပ်ရဲ့ မတရားဖမ်းဆီးခြင်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်​ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက တိုက်တွန်းလိုက်ပါတယ်။

မေ-၂၈၊၂၀၂၆။သတိုး/People’s Spring

စစ်တပ်ရဲ့ မတရားဖမ်းဆီးခြင်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်​ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက တိုက်တွန်းလိုက်ပါတယ်။

“အခုလာမဲ့ ဇွန်လမှာ ကျွန်တော့်မေမေ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက်မွေးနေ့ အနေနဲ့ မေမေ သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်တောင်းဆိုမှုမှာ ပါဝင်ပေးပါ။ခြေလှမ်း ၈၁၀၀၀ လျှောက်လို့ရပါတယ်။ကီလိုမီတာ ၈၁ ပြေးနိုင်ပါတယ်။မိုင် ၈၁ စက်ဘီးစီးလို့လည်းရပါတယ်။ဒါမှမဟုတ် ကိုယ့်အတွက် အဓိပ္ပါယ်ရှိတဲ့နည်းတစ်ခုခုနဲ့ ပါဝင်နိုင်ပါတယ်။”လို့ မေ ၂၈ ရက်ညမှာကင်မ်ကဗီဒီယိုဖိုင်နဲ့တောင်းဆိုထားပါတယ်။

ဇွန် ၁၉ ရက်မှာကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက်လူထုလှုပ်ရှားမှုတွေကို ဇွန် ၁ ရက်နေ ၁၉ ရက်အတွင်းပြုလုပ်ဖို့ တောင်းဆိုထားတာပါ။

Public Service Announcement

Public Service Announcement

“အာဏာလုပြီး ငါးနှစ်ကျော်ကြာပြီးနောက်မှာတောင် မေမေသက်ရှိထင်ရှားရှိနေသးရဲ့လား ဆိုတဲ့ လွတ်လပ်စွာ အတည်ပြုထားတဲ့ သက်သေကို တစ်ကမ္ဘာလုံး သိခွင့်မရသေးပါဘူး”လို့ ကင်မ်ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဧပြီ ၃၀ ရက်မှာ နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့ နေအိမ်ကို ရွှေ့ပြောင်းခဲ့တယ်လို့ သာသတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာထားရှိတယ်ဆိုတာမသိရပါဘူး။ဒါ့အပြင် ဓာတ်ပုံ ၁ပုံသာထုတ်ပြန်ထားပြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်တလောအခြေအနေကိုလည်း မသိရသေးပါဘူး။

သတ်မှတ်ထားတဲ့နေအိမ်ကိုပြောင်းရွှေ့တဲ့ဆိုတဲ့ထုတ်ပြန်ချက်မှာ ဓာတ်ပုံ ၁ပုံ ပါဝင်ပေမယ့် ဘယ်အချိန် ဘယ်နေရာမှာ ရိုက်ကူးထားတယ်ဆိုတာ ဘယ်သူမှ အတည်မပြုနိုင်ပါဘူး။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြဖို့ ပြည်သူတွေက Proof Of Life ကမ်ပိန်းကို ဧပြီ ၂၁ရက်ကစတင်ပြီး တောင်းဆိုမှုတွေ ပြုလုပ်နေတာပါ။ ဒါပေမယ့်စစ်တပ်ကတော့ တိကျထင်ရှားတဲ့ သက်သေထုတ်ပြခြင်းမျိုးမရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ်က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေနေ့မှာလည်းသားဖြစ်သူ ကင်မ်အပါအဝင် ပြည်သူတွေက ၈၀ နဲ့ သက်ဆိုင်တဲ့ လူထုလှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စစ်ကောင်စီသံရုံးရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသပိတ်ကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရပေမယ့် တစ်ဦးတည်း သီးသန့်ခွဲပြီး နေထိုင်နေရပုံ ပေါ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဗြိတိန်အ​ခြေစိုက် The Guardian သတင်းဌာနကို ပြောကြားပါတယ်။

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။