Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ပေါ် လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတချို့ ပြန်ဖွင့်၊ တရုတ်​ကောင်စစ်ဝန်ရုံးရှေ့လမ်းကိုဆက်ပိတ်ထား

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။

(တရုတ်​ကောင်စစ်ဝန်ရုံး​ရှေ့လမ်းကိုပိတ်ထားစဥ်(ပုံ​ဟောင်းဖြစ်ပါတယ်)။ဓါတ်ပုံ-CJ )

မေ-၂၉၊၂၀၂၆။ရှိန်း/People’s Spring

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။

မန္တလေးမြို့မှာ လမ်းပိတ်ထားတဲ့ တိုင်းလွှတ် တော်ရှေ့ကဘန်ကာတွေအပါအဝင် ရဲစခန်း တွေရှေ့ကဘန်ကာတွေ၊ မြို့တော်စည်ပင်သာယာရေးကော်မတီရုံးအနီးက၂၇လမ်းမတွေကို လမ်းတွေဖွင့်ပေးလိုက်တယ်လို့ မြို့ခံ တွေကပြောပါတယ်။

ဒါပေမယ့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့ကလမ်းကိုတော့ ယခင်အတိုင်း ဆိုင်ကယ်၊စက်ဘီး အဝင်အထွက်ပိတ်ကာ ကားကိုလည်းတစ်စီးစာသာ ပေးသွားတယ်လို့ မြို့ခံ တွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျန်တဲ့လမ်း တွေပိတ်ရင် လမ်းတပြပဲကွင်းရတာ။ဒီလမ်းကကျ ကွင်းစရာ လမ်းတွေက ၁၀ပြလောက် ဖြစ်ပြီး အ‌ ဝေးကြီးကွင်းရတာ။ဒီနားမှာ ဖြတ်စရာက ဒီတလမ်းပဲရှိတာ။ဒီလမ်းကိုပါ တရုတ်ကပိုင်သလားမသိပါဘူးဗျာ”လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မြို့ခံတဦးကပြောပါတယ်။

တရုတ်ကောင်စစ်ဝန်ချုပ်ရုံးဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊အောက်တိုဘာ၁၈ ရက်နေ့မှာ ဗုံးပစ်ခံရပြီးတဲ့ နောက် ယနေ့အထိ လမ်းပိတ်လိုက်တာဖြစ်ပြီး ဂျန်ဘာ တွေလည်းတပ်ဆင်ထားတယ်လို့ မြို့ခံ တွေကပြောပါတယ်။

အဆိုပါလမ်းဟာ မန္တလေးမြို့သစ်ဘက်နဲ့ ကျွဲဆည်ကန် အဝေးပြေးယာဥ်ရပ်နားစခန်းတွေကို သွားရာမှာ အရေးပါတဲ့ လမ်းဖြစ်ပြီး ပိတ်ဆို့ထားတဲ့အတွက် သွားလာရေးအခက်အခဲတွေ ရှိနေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

အိန္ဒိယ ကောင်စီဝန်ရုံး ရှေ့မှာတော့ ဘန်ကာပဲထားပြီး ဖြတ်သန်းခွင့်ပြုတယ်လို့ ဆိုပါတယ်။

တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ရှေ့မှာ ရဲတွေဟာ လုံခြုံရေး ဂိတ်၃ခုထပ် မနည်းရှိပြီး လမ်းမှာဝင်လာတဲ့ဆိုင်ကယ်‌ တွေကို ငွေကျပ် ၃၀,၀၀၀ကနေ ၅၀၀,၀၀၀အထိ တောင်း လေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အလားတူ ရန်ကုန်မြို့မှာလည်း အာဏာသိမ်းပြီးကတည်းက စစ်တပ်တပ်စွဲထားလို့ ဖြတ်သန်းခွင့်ပိတ်ထားတဲ့ ရန်ကင်းမြိုနယ်ရှိ စက်မှု ၁ လမ်းအပါအဝင် လမ်းအချို့ကို စစ်တပ်က ပြန်ဖွင့်ပေးထားတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook