Connect with us

Hi, what are you looking for?

သတင်း

ကျောက်လုံးကြီးစခန်းကို KNLA တပ်မဟာ(၄) ဦး​ဆောင်တဲ့ပူးပေါင်းတပ်သိမ်းပိုက်

တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက်လုံးကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို မေလ ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ်ဆီက သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေနဲ့ စစိစခန်းကို​အ​ပေါ်စီးမှတွေ့ရစဥ်။ ဓါတ်ပုံ-KNU)

မေ-၃၀၊၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက်လုံးကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို မေလ ၂၉ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

KNU မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊တပ်မဟာ(၄)နယ်မြေ အတွင်း KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ လယ်မူလား(ပုလော)မြို့နယ်ရှိ ကျောက်လုံးကြီး( လယ်ဖဒို) စခန်းကို တော်လှန်ရေး ပူးပေါင်းတပ် မေလ ၁၉ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ၁၁ရက်မြောက်နေ့မေလ ၂၉ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲ ထိခိုက်ကျဆုံးလက်နက်ခဲယမ်း သိမ်းရ အခြေအနေတွေ အသေးစိတ် ဖော်ပြမထားပေမယ့် သတင်းဓာတ်ပုံ​တွေမှာ လက်နက်ကြီးကျည်အပါအဝင် ခဲယမ်း​တွေသိမ်းရခဲ့တာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းစစ်ဆင်ရေးကို KNLA တပ်မဟာ(၄) ဗျူဟာအမှတ်(၁)ဦးဆောင်မှုဖြင်K.N.D.Oတပ်ရင်း(၇) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။

သိမ်းပိုက်ခဲ့တဲ့ ကျောက်လုံးကြီးစခန်းမှာ စစ်ကောင်စီရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာန‌ချုပ်၊ အမှတ်(၂)ဗျူဟာမှ နှစ်ပေါင်း(၂၀)ကျော်တပ်စွဲထားတာဖြစ်ပြီး ၂၀၂၄ခုနှစ်ဇွန်လမှာ စစ်တပ်ကယာယီ စခန်းစွန့်သွားတဲ့ တပ်စခန်းတခုလည်းဖြစ်ပါတယ်။အဲဒီတုန်းက KNLA ပူးပေါင်းတပ်က စစ်ကောင်စီရဲ့ အောင်သာဝရစခန်း သိမ်းပိုက်စဉ် ကျောက်လုံးကြီး ဗျူဟာ စခန်းက စစ်သားတွေ စခန်းစွန့်ခွာသွားတာဖြစ်ပြီးနောက်ပိုင်းမှာ ခမရ (၄၃၃) တပ်ရင်းမှ အင်အား (၈၀) ကျော်နဲ့ ပြန်လည်ဝင်ရောက်တပ်စွဲထားတာဖြစ်ပါတယ်။

ကျောက်လုံးကြီးစခန်းသိမ်း စစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြတဲ့ KNLA ဗျူဟာအမှတ်(၁)လက်အောက်ခံတပ်ရင်းများနဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များရဲ့ စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ပေးဆပ်ကြတဲ့ အရာရှိ စစ်သည် အားလုံး မဟာမိတ်အဖွဲ့အားလုံးကို အသိအမှတ်ပြုတန်ဖိုးထားကြောင်းလည်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စစ်ဆင်ရေးတိုက်ပွဲအတွင်း အသက်နှင့်ခန္ဓာပေးဆပ်ခဲ့သော သူရဲကောင်းများ၊ ပြည်သူလူထုများ နဲ့ တိုက်ပွဲအတွက် အဘက်ဘက်မှပံ့ပိုးကူညီအားပေးခဲ့သောပြည်သူလူထုများအားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုကြောင်းလည်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် -ထားဝယ်ခရိုင် တပ်မဟာ(၄)က သိမ်းပိုက်ထားတဲ့ လယ်မူလား(ပုလော)မြို့နယ် လယ်ဖဒို (ကျောက်လုံးကြီး)ရွာက တပ်စခန်းကို အာဏာသိမ်းစစ်တပ်က ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် လယ်ကဆောမြို့နယ် လေညာ-ရတနာပုံလမ်းပိုင်း(ဘုတ်ပြင်းမြို့နယ်အတွင်း)မှာ စစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်အချို့ သိမ်းရခဲ့ကြောင်း KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။