Connect with us

Hi, what are you looking for?

သတင်း

ဒါရိုက်တာ မင်းထင်ကိုကိုကြီးနာရေး အကျဥ်းခြုံးပြီး နေ့ချင်းပြုလုပ်

နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သူ ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ နာရေးကို မိသားစုဆန္ဒအရ‌ နေ့ချင်း သဂြိုလ်ခဲ့တယ်လို့ ကဗျာဆရာသစ္စာနီက အသိပေးထားပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သူ ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ နာရေးကို မိသားစုဆန္ဒအရ‌ နေ့ချင်း သဂြိုလ်ခဲ့တယ်လို့ ကဗျာဆရာသစ္စာနီက အသိပေးထားပါတယ်။

ဇွန်-၂၊၂၀၂၆။ဆဏ်း/People’s Spring

နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သူ ကဗျာဆရာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ နာရေးကို မိသားစုဆန္ဒအရ‌ နေ့ချင်း သဂြိုလ်ခဲ့တယ်လို့ ကဗျာဆရာသစ္စာနီက အသိပေးထားပါတယ်။

“ငြိမ်းချမ်းစွာ တိတ်ဆိတ်စွာ။ မင်းထင်ကိုကိုကြီစျာပနကို ရေဝေးမှာပဲ ၁၂နာရီလောက်က ကျန်ရစ်သူ မိသားစုရဲ့ဆန္ဒအရ အကျဥ်းခြုံးပြီး ငြိမ်သက်စွာတိတ်ဆိတ်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါပြီ။သူ့မိတ်ဆွေ ကဗျာဆရာ အနည်းငယ် နှုတ်ဆက်ပို့ဆောင်ခဲ့ကြပါတယ်။” လို့ ရေးသားထားပါတယ်။

မင်းထင်ကိုကိုကြီးက အသည်းကင်ဆာရော‌ဂါကို ခံစားနေခဲ့ရတာဖြစ်ပြီး ဒီနေ့(ဇွန် ၂) နံနက်မှာ ကွယ်လွန်သွားတာပါ။

Public Service Announcement

Public Service Announcement

သူ့ရဲ့ကွယ်လွန်မှုအပေါ် တော်လှန်ရေးအင်အားစုတွေ အပါအဝင် ရင်းနှီးတဲ့ မိတ်ဆွေတွေက နှမြောတသဖြစ်ကြောင်း နဲ့ ဆုတောင်းစကားတွေ ရေးသားပေးထားကြပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၂၀၁၈ နိုဝင်ဘာမှာ အသည်းကင်ဆာရောဂါ ခံစားခဲ့ရတာဖြစ်ပြီး အသည်းတစ်ခြမ်းကို လှီးထုတ်ကာ ကုသမှုခံယူခဲ့ပါတယ်။

ကုသမှုခံယူပြီးချိန်မှာပဲ လူမှုကွန်ရက်မှာ ဝေဖန်ရေးသားတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က တရား

စွဲဆိုခဲ့တာကြောင့် ထောင်ကျခဲ့ရပါတယ်။ အဲဒီ့ကာလမှာ ဆေးကုသမှုအလုံအလောက်မရရှိခဲ့ဘူးလို့ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောကြားခဲ့ဖူးပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာပဲ ဒါရိုက်တာမင်းထင်ကိုကိုကြီးကို စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုခံခဲ့ရပါတယ်။ ထောင်ဒဏ် ၂ နှစ်နီးပါးကျခံခဲ့ရကာ ၂၀၂၂ နိုဝင်ဘာမှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၂၀၁၂ မှာ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို စတင်ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဆုပေးပွဲကျင်းပလေ့ရှိပါတယ်။လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကိုလည်း တည်ထောင်ခဲ့ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သားဖြစ်သူ ကင်မ်တောင်းဆိုတဲ့ အကြောင်းတွေကို မျှဝေထားတယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလတုန်းကလည်း ဒါရိုက်တာမင်းထင်ကိုကိုကြီးက NLD ပါတီ အောင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရေးသားထားတဲ့ ကဗျာစာရွက်ကို လေလံတင်ပြီး ပါဝင်ကူညီခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ