Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့ပေါ်ရောက်စစ်တပ်စစ်ကြောင်းကအမျိုးသမီးတွေကိုပစ်မှတ်ထားအကြမ်းဖက်ဖို့ကြိုးစားနေ

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

စစ်တပ်စစ်​ကြောင်း​တစ်ခုကို​တွေ့ရစဥ် (ပုံအ​​ဟောင်းဖြစ်ပါတယ်)

ဇွန်-၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

မကွေးတိုင်းယောဒေသဖြစ်တဲ့ဆောမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ထောင်ကျော်ရှိနေပြီး မြို့‌ပေါ်ရပ်ကွက်တွေကိုပါ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ဇွန်လ၁ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာမြို့ပေါ်မှာနေတဲ့ သားအမိနှစ်ဦးကို အဓမ္မပြုကျင့်ဖို့ကြိုးပမ်းမှုဖြစ်ပွားခဲ့တယ်လို့ ဂန့်ဂေါခရိုင် ပြည်သူကာကွယ်ရေးတပ်ရင်းက တာဝန်ရှိသူတစ်ဦးက အသိပေးထားပါတယ်။စစ်ကြောင်းထိုးရာ လမ်းပိုင်းအတွင်းရှိ နေအိမ်များမှာ ချိတ်ဆွဲ ထားတဲ့ အမျိုးသမီး‌တွေရဲ့ဓာတ်ပုံတွေပေါ်မှာလည်း မဖွယ်မရာတွေ လုပ်သွားခဲ့တယ်လို့ ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

“စကားနဲ့တောင်ပြောဖို့ခက်ခက် လုပ်ရပ်တွေလုပ်နေတာ။အခုရောက်နေတဲ့စစ်ကြောင်းတွေနဲ့ ထိပ်တိုက်တိုးလို့ကိုလုံးဝမဖြစ်နိုင်ဘူး။တော်တော်အန္တရာယ်ကြီးတဲ့ အခြေအနေဖြစ်တယ်”လို့ယောဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

ဆောမြို့နယ်အတွင်းမှာ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်နေပြီး ထိခိုက်ကျဆုံးမှုတွေလည်းရှိနေတယ်လို့တော်လှန်​ရေးတပ်​တွေ​ပြောပါတယ်။

စစ်တပ်က ယောဒေသမှာ စစ်အင်အားတွေတိုးချဲ့ထားသလို ယောဒေသကနေတဆင့် ချင်ပြည်နယ်ကိုစစ်ကြောင်းထိုးဖို့ ကြိုးစားနေပါတယ်။ဆော -ကန်ပက်လက်လမ်း နဲ့ ကျောက်ထု -မင်းတပ်လမ်းကနေ စစ်ကြောင်းနှစ် ကြောင်းနဲ့ထိုးဖို့ကြိုးပမ်းနေပြီး တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။

ယောဒေသ နဲ့ ချင်းပြည်နယ်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲနေပြီး လက်ရှိစစ်ရေးအခြေအနေတွေကြောင့် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းအင်အားတွေအများအပြားသုံးပြီး စစ်ကြောင်းထိုးဖို့ကြိုးစားနေတာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေက အရပ်သားပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်တာ၊နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်နေပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်စစ်​ကြောင်း​တွေကို​တော်လှန်​ရေးတပ်ဖွဲ့​တွေက​ဖြတ်​တောက်တိုက်ခိုက်တာ၊​ပြောက်ကျားနည်းနဲ့တိုက်ခိုက်တာ​တွေ​ကြောင့်စစ်တပ်က​သေဆုံးထိခိုက်မှုများ​နေပါတယ်။​သေဆုံးသူအများစုဟာ စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်​​တွေဖြစ်တာ​ကြောင့်​​တော်လှန်​ရေးတပ်​တွေကပြည်သူ​တွေစစ်သားသစ်စု​ဆောင်းမခံရ​အောင်၊ ​ပေါ်တာဆွဲမခံ ဂရုပြုပြီး ပါးပါးနပ်နပ်​နေထိုင်ကြဖို့ ​တော်လှန်​ရေးတပ်​တွေက တိုက်တွန်း​နေကြပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။