Connect with us

Hi, what are you looking for?

သတင်း

ရမ်း‌ဗြဲမြို့စစ်ရှောင်စခန်း စစ်တပ် ဗုံးကြဲ၊ သက်ကြီးရွယ်အို ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က စစ်ဘေးရှောင် စခန်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ သက်ကြီးရွယ်အို ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က စစ်ဘေးရှောင် စခန်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ သက်ကြီးရွယ်အို ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ပါတယ်။

ဇွန်-၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က စစ်ဘေးရှောင် စခန်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ သက်ကြီးရွယ်အို ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ပါတယ်။

ဇွန်လရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဇွန်၁ရက်နေ့မနက်မှာ တောင်ကုတ်မြို့နယ်ကို လေကြောင်းကနေဗုံးကြဲပြီး ညပိုင်းမှာတော့ ရမ်းဗြဲမြို့နယ်ကို ဗုံးကြဲတာ ဖြစ်ပါတယ်။

ဇွန်လ ၁ ရက် ည ၉ နာရီခွဲခန့်က ရမ်းဗြဲမြို့နယ်၊ ကြောင်ချတွင်းကျေးရွာက စစ်ဘေးရှောင်စခန်းနဲ့ ကျေးရွာဝန်းကျင်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲသွားတာလို့ ဒေသခံသတင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တောင်မော်ဦးရေတပ်ဘက်က တိုက်ပွဲတွေကြောင့် ရမ်းဗြဲမှာလာပြီးရှောင်နေကြတာ။ ဒီနေရာက တိုက်ပွဲလုံးဝမရှိဘူး။ အရပ်သားပစ်မှတ် ကို တမင်သက်သက်လာပြီးဗုံးကြဲသွားတာ”လို့ ၎င်းက ပြောပါတယ်။

ယင်းနေ့မနက်ပိုင်းက တောင်ကုတ်မြို့နယ်က ဆားပြင်ရွာနဲ့ ကင်းတောင်ကျေးရွာအနီးဝန်းကျင်ကို လေကြောင်းကနေဗုံးကြဲဖြစ်စဉ်မှာ ထိခိုက်မှုရှိ၊ မရှိတော့ မသိရသေးပါဘူး။

စစ်တပ်က ပြီးခဲ့တဲ့မေလနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်ထဲက သံတွဲ၊ အမ်း၊ စနဲနဲ့ ဂွမြို့နယ်တွေကို ဗုံးကြဲခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေမှာ ပိုပြီးပြင်းထန်တဲ့

ပုံစံပြောင်းလာပြီး သတိပြုကြဖို့ အာရက္ခတပ်တော် (AA)နဲ့ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

လေကြောင်းတိုက်ခိုက်ရာမှာ တိုက်လေယာဉ် ၂စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးတိုက်ခိုက် နေတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ ပိုမို သတိရှိကြဖို့ AAက သတိပေးထားပါတယ်။

လက်ရှိမှာ စစ်တွေမြို့နဲ့ စနဲမြို့အနီး အာရက္ခတပ်တော်(AA)နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စနဲမြို့အနီး မေလ၂၈ရက်ကနေ မေလ၃၀ရက်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးသူ၄၀ကျော်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တပ်မ (၁၁) လက်အောက်ခံ ခမရ (၂၁၂)၊ ခမရ (၂၁၃)၊ ခမရ ( ၂၁၉) တပ်ရင်း‌တွေပါဝင်ပြီး ကြည်း၊ရေ၊လေပစ်ကူတွေနဲ့စစ်ကြောင်းထိုးလာပေမယ့် ထိခိုက်သေဆုံးမှုများပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ AAရဲ့ စစ်ရေးသတင်းတွေကိုဖော်ပြပေးနေတဲ့Arakan Princess Media က ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။