Connect with us

Hi, what are you looking for?

သတင်း

ရက် ၁၀၀စီမံကိန်းချက် အကြောင်းပြ တရုတ်ကုန်ပစ္စည်းတွေကိုပိုဖမ်း​နေပြီး၊ စစ်တပ်ကကားနဲ့ ပစ္စည်းပြန်သယ်​ပေး​နေ

စစ်ခေါင်းဆောင်ရဲ့ ရက်၁၀၀ စီမံချက်ဆိုတဲ့ အကြောင်းပြပြီး တရုတ်နိုင်ငံ တင်သွင်းတဲ့ ကုန်ပစ္စည်း​တွေကို စစ်တပ်က ပိုဖမ်းဆီး​နေပြီးစစ်ဆေးရေးဂိတ်တွေ လာဘ်ထိုးထားတဲ့ ကားသမားတွေနဲ့ စစ်ကားတွေသာ သယ်ယူခွင့်ရတယ်လို့ ကုန်ကားသမားတွေက ပြောပါတယ်။

(ရှမ်းမြောက်လမ်းပိုင်းက ကုန်ကားတချို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇွန် – ၄၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ခေါင်းဆောင်ရဲ့ ရက်၁၀၀ စီမံချက်ဆိုတဲ့ အကြောင်းပြပြီး တရုတ်နိုင်ငံ တင်သွင်းတဲ့ ကုန်ပစ္စည်း​တွေကို စစ်တပ်က ပိုဖမ်းဆီး​နေပြီးစစ်ဆေးရေးဂိတ်တွေ လာဘ်ထိုးထားတဲ့ ကားသမားတွေနဲ့ စစ်ကားတွေသာ သယ်ယူခွင့်ရတယ်လို့ ကုန်ကားသမားတွေက ပြောပါတယ်။

လားရှိုး- သီပေါ-‌ ကျောက်မဲ- နောင်ချိုမြို့တို့ကို ပြန်တောင်းယူထားတဲ့ စစ်တပ်က တရုတ်နိုင်ငံထုတ်လူသုံးကုန်နဲ့ အိမ်သုံးပစ္စည်း တင်သွင်းလာမှုအပေါ် တင်းကြပ်ထားတာလို့ သိရပါတယ်။

‌သီပေါမြို့အထွက်ဂိတ်၊ဝက်ဝံဂိတ်နဲ့ ဘန့်ဘွေးဂိတ်တွေမှာ တင်းတင်းကြပ်ကြပ် ပစ္စည်းတွေကို ဖွင့် ဖောက်ရှာ ဖွေတာမျိုးပြုလုပ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့်စစ်တပ်ဂိတ်တွေကိုကျပ် ၅၀၀၀ ကနေ ၁၀၀၀၀အထိ နေရာတိုင်းကို ဆက်တိုက် ပေးနိုင်တဲ့ ကားသမားတွေကိုတော့ အနည်းငယ်ကင်းလွတ်ခွင့်ပေးပြီး တရုတ်ကုန်ပစ္စည်းသယ်ယူခွင့် ပေးထားတယ်လို့ ကားသမား တွေက ပြောပါတယ်။

“ခရီးသည်တင်ကားပေါ်မှာ ကုန်ကားလို ပစ္စည်းတွေပြည့်နေအောင် တင်မရဘူး။အဲတာကို သီပေါစက် လှေဂိတ်မှာကတည်းက တားထားတာ။စစ်တပ်ကလည်း အဲ့မှာကတည်းကစစ်တာပဲ။ဒါပေမယ့်ပိုင်တဲ့သူက တော့ ကိုကြီး၊ညီလေးနဲ့ ပြီးသွားတာ။တလမ်းလုံးလည်း ဂိတ်တိုင်းပိုက်ဆံပေး သွားရုံပဲ”လို့ ခရီးသည်တင်ကား မောင်းသူတစ်ဦးက ပြောပါတယ်။

အဲဒီလမ်းပိုင်းမှာ သီပေါမြို့ကနေ ပြင်ဦးလွင်မြို့အထိ ကြားဖြတ်ကောက်ခံတဲ့ ဂိတ်သေး ၊ရဲဂိတ်၊ပြည်သူ့စစ်ဂိတ်တွေအပါအဝင် ရှမ်း‌‌ပြည်နယ်မြောက်ပိုင်းက ဆင်းလာတဲ့ ကားတွေကို ငွေကောက်ခံတဲ့ စစ်တပ်ရဲ့ဂိတ် ၈ ဂိတ်ထပ်မနည်းရှိတယ်လို့ သိရပါတယ်။

အဲဒီအထဲက တပ်မ(၇၇)နဲ့ တပ်မ (၃၃)ထိုင်တဲ့ဂိတ်၊ ဝက်ဝံတိုးဂိတ်(ရဲနဲ့စစ်သားပူး ပေါင်း)ဂိတ်တို့က ခရီးဆောင်အိတ်တွေကိုပါ ဖွင့်ဖောက်စစ် ဆေးတဲ့အထိ တင်းကြပ်တယ်လို့ သိရပါတယ်။

တခါတရံ တရုတ်ကုန်ပစ္စည်းပါလာပါက ပစ္စည်းတွေသိမ်းယူသွားတာမျိုးလည်းရှိတယ်လို့ ကားသမား တွေက ပြောပါတယ်။

ဒီလိုတင်းကြပ်မှုတွေရှိနေ ပေမယ့် စစ်ကားနဲ့ လိုင်စင်မဲ့အိမ်စီးကားတွေဟာ စစ်သားတွေကိုယ်တိုင် မောင်းပြီး သီပေါဆိပ်ကမ်းကနေ မန္တလေးမြို့အထိ တရုတ်ထုတ် ကုန်ပစ္စည်းတွေ သယ်ပေးတာ မျိုးလည်းရှိတယ်လို့ သိရပါတယ်။

“ကျွန် တော်တို့က ဒေသထွက် လိုင်ချီးသီးတင်ဖို့ တောင် ပိုက်ဆံ ပေးပြီးစစ်တပ်ဆီမှာထောက်ခံစာလုပ်ရတယ်။ဒီလမ်းမှာ ခရီးသည်မရရင် လိုင်ချီးသီးလေး တင်ရရင်ကားသမားတွေ နေ့တွက် လေးခံသာတာ ပေါ့ဗျာ။အခုကကုန်လည်းသူတို့တင် ၊အသီးလည်းပိုက်ဆံတောင်းဖြစ်နေတာ”လို့ ယာဉ် မောင်းတဦးက ပြောပါတယ်။

စစ်ကောင်စီကတော့ရက်၁၀၀ စီမံချက်အကြောင်းပြပြီး စစ်ဆေး ၊ငွေတောင်းရမ်းမှု တင်းကြပ် နေသလို ခရီးသည် တွေဖြတ်သန်းသွားလာတဲ့ သီပေါတံတားကိုလည်းတင်းကြပ် ထားမြစ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။