Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့မှာ အုပ်စုဖွဲ့ ဆိုင်ကယ်လုယက်

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

Screenshot

ဇွန် ၉၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

မနေ့က ဇွန်လ ၈ ရက် ညနေ ၆ နာရီခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်းနဲ့ ၁၂၃ လမ်းထောင့်မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားတစ်ဦး ဆိုင်ကယ်ကို လူတစ်စုက အကြမ်းဖက်လုယက်ယူဆောင်သွားခဲ့တာပါ။

လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ CCTV မှတ်တမ်းအရ အမျိုးသားတစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို အမျိုးသားနှစ်ဦးစီးလာတဲ့ အခြားဆိုင်ကယ်တစ်စီးက ခြေထောက်နဲ့ကန်ပြီး လဲကျအောင် ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ကယ်လဲကျသွားချိန်မှာ ကန်ချခဲ့တဲ့ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦး ဆင်းလာပြီး၊ လဲကျသွားသူကို ဓားလို့ ယူဆရတဲ့အရာနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူ ရှောင်တိမ်းနေစဉ် ၎င်းရဲ့ဆိုင်ကယ်ကို မောင်းနှင်လုယူသွားခဲ့တာပါ။

ထိုသို့လုယက်နေစဉ်အတွင်း နောက်ထပ်ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသားနှစ်ဦး ထပ်မံရောက်ရှိလာပြီး၊ ဆိုင်ကယ်ပိုင်ရှင်ကို ထပ်မံရိုက်နှက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

​ယခု​ဖြစ်စဥ်ဟာ လူ (၄) ဦး၊ ဆိုင်ကယ် (၂) စီးနဲ့ အုပ်စုဖွဲ့ကာ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးကို ဓားနဲ့တိုက်ခိုက်ပြီး ဆိုင်ကယ်လုယက်ခဲ့တာဖြစ်ပါတယ်။

အလားတူ ဇွန်လ ၄ ရက် နေ့လယ် ၁ နာရီခွဲခန့်ကလည်း မန္တလေးမြို့၊ လမ်း ၈၀၊ ၁၃ လမ်းနဲ့ ၁၄လမ်းကြားမှာ အမျိုးသမီးတစ်ဦး စီးလာတဲ့ဆိုင်ကယ်ကို ဓါးထောက်လုယက်ခံရပြီး ဆိုင်ကယ်ပါမသွားပေမဲ့ ပိုက်ဆံအိတ် ဆုံးရှုံးခဲ့ကြောင်း ကာယကံရှင်က ရေးသားထားတာ တွေ့ရပါတယ်။

“ပိုက်ဆံအိတ်ကို ဓါးထောက်လုတာမှတ်ပုံတင်နဲ့ လိုင်စင်လေးပေးခဲ့ပါ ကျန်တာယူပါလို့ တောင်းပန်တာတောင် မရဘူး။ ဒါတောင် ဆိုင်ကယ်ပါတောင်းတာမီးစိမ်းလို့ လူအုပ်ကြီးမောင်းလာလို့ပါမသွားတာ”လို့ အဆိုပါအမျိုးသမီးက ရေးသားထားပါတယ်။

မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှုတွေ ပိုမိုဆိုးရွားစွာ ဖြစ်ပွားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။