Connect with us

Hi, what are you looking for?

သတင်း

ရခိုင်မှာ ဆေးဝါးစျေး မြင့်တက်နေ

ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေအပြင် ဆေးဝါးတွေလည်း စျေးတက်နေတာကြောင့် သွေးတိုး၊ ဆီးချိုစတဲ့ နာတာရှည်ဝေဒနာရှင်တွေအတွက် အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်-၉ ၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring

ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေအပြင် ဆေးဝါးတွေလည်း စျေးတက်နေတာကြောင့် သွေးတိုး၊ ဆီးချိုစတဲ့ နာတာရှည်ဝေဒနာရှင်တွေအတွက် အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကုန်စည်တွေ အဓိကဝင်တဲ့ ချင်း – မကွေးအစပ် ဆောလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေတာ၊ မိုးဦးကာလလမ်းတွေ ပျက်နေတာတို့ ကြောင့် စျေးတွေတက်ကုန်တာလို့ ဆိုပါတယ်။

“ပုံမှန်သောက်နေကျ သွေးကျဆေးတကဒ်ကို အခု သုံးထောင်ဖြစ်သွားပြီ။ အရင်က နှစ်ထောင်ပဲရှိတာ။ အဘွားက သွေးတိုးရော၊ ခါးကိုက်တာရော ရှိနေတော့ တရက်တရက် သောက်ရတဲ့ဆေးက မနည်းဘူး။ အဲဒါလည်း သားသမီး တွေ၊ မြေးတွေဆီက အထောက်အပံ့နဲ့ ဝယ်သောက်နေရတာ။ အခု စျေးတက်သွားတော့ ရင်မောတယ်” လို့ ပေါက်တောမြို့နယ်မှ အသက် ၇၀ ကျော်အရွယ် သက်ကြီးအမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အရင်က ကျပ် ၁၀၀၀ သာပေးခဲ့ရတဲ့ ပါရာစီတမော တကဒ်ကို အခုအခါ ၁၅၀၀၊ အရင် ၆၀၀၀ ပေးခဲ့ရတဲ့ ဒီကိုဂျင် တကဒ်ကို အခုအခါ ၆၅၀၀၊ အရင် ၄၀၀၀ ပေးခဲ့ရတဲ့ ဘိုင်အိုဂျက်ဆစ် တကဒ်ကို အခု ၅၀၀၀၊ အရင် ၃၀၀၀ ပေး ခဲ့ရတဲ့ ထွန်းရွှေဝါ၊ ဆရာခို တဗူးကို အခု ၄၀၀၀၊ အရင် ၈၅၀၀ ပေးခဲ့ရတဲ့ စိတ်ချတားဆေးတကဒ်ကို အခု ၉၅၀၀ ထိ စျေးတက်သွားခဲ့တယ်လို့ ဆေးဆိုင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

“ဆေးလာသွင်းတာကိုယ်တိုင်က စျေးတက်နေတာပါ။ ကျွန်မတို့လည်း တက်စျေးနဲ့ ရောင်းနေရတယ်။ အရင်လက် ကျန်ဆေးတွေကိုတော့ အရင်စျေးအတိုင်းရောင်းပေးခဲ့ပါတယ်။ စျေးက သင်္ကြန်လွန်စကတည်းက တက်နေတာ။ ဒီ ပတ်ထဲမှာ ပိုတက်သွားတယ်” လို့ မြေပုံမြို့မှ ဆေးဆိုင်ရောင်းသူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီလို ဆေးတွေစျေးတက်နေတာကြောင့် ပုံမှန်သောက်နေကြရတဲ့ နာတာရှည်ဝေဒနာရှင်တွေမှာ ပိုပြီးတော့ အ ခက်အခဲကြုံသွားကြရတယ်လို့ ဆိုကြပါတယ်။

“ကျွန်မမှာ အမေရော၊ အဖေရော ရောဂါသည်တွေ၊ နေ့တိုင်း ဆေးသောက်ရတယ်။ အမေဆေးဖိုးတခုတည်းနဲ့ တောင် မလွယ်ဘူး။ အရင်က တလမှာ အမေ့အတွက် ဆေးဖိုး ခုနှစ်သောင်းကျော်ကုန်တယ်။ မနေ့က ကုန်သွားလို့ သွားဝယ်တာ ဝယ်နေကျဆေးတွေကိုပဲ တသိန်းကျော်ပေးခဲ့ရတယ်” လို့ သံတွဲမြို့နယ် ဂျိတ္တောမှ စစ်ဘေးရှောင်အ မျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်ဥ၊ ကွမ်းသီး၊ ဟင်းချိုမှုန့်တို့အပါအဝင် စက်သုံး ဆီနဲ့ အခြားကုန်စည်တွေလည်း စျေးတက်နေတာကြောင့် အလုပ်အကိုင်ရှားပါးတဲ့ ရခိုင်ပြည်နယ်အတွင်း နေထိုင် ကြတဲ့ အခြေခံလက်လုပ် လက်စားတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ဝမ်းရေးအခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ဒေသတကျော့ပြန်မြို့သိမ်းတိုက်ပွဲတွေစခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလကုန်ပိုင်းကတည်းက ရခိုင်ပြည်နယ်အတွင်း ကုန်စည်၊ ဆေးဝါးတင်သွင်းရာလမ်းကြောင်းတွေအားလုံးကို ပိတ်ဆို့၊ ဖြတ်တောက်ခဲ့ တာကြောင့် ရခိုင်ဒေသခံတွေဟာ ကုန်စျေး၊ ဆေးဝါး အခက်အခဲ၊ စျေးကြီးမြင့်မှုဒဏ် ခံခဲ့ကြရတာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ရခိုင်ပြည်သူတွေဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပြည်မဘက် မှောင်ခိုလမ်းကြောင်းတွေကနေ ဝင်လာ တဲ့ ကုန်စည်၊ ဆေးဝါးတွေကို အဓိကမှီခိုနေခဲ့ကြရတာပါ။

အာရက္ခတပ်တော်(AA)က မြို့တွေသိမ်းပြီးနောက်မှာတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကနေ ကုန်စည်အချို့ သယ်ယူ၊ တင်သွင်းနေပေမယ့် အပြည့်အ၀တင်သွင်းခွင့်ရတဲ့အခြေအနေမဟုတ်သေးပါဘူး။ လက်ရှိမှာ AA ဟာ ရ ခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ကျန် စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့မှာလည်း ထိုးစစ်တွေ လုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငွေအလွှဲ၊ အထုတ်တွေအတွက် အားကိုးစရာ ဘဏ်မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ ပုဂ္ဂလိက ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတွေရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရပြီးနောက် ငွေလွှဲ၊ငွေထုတ်ခ နှုန်းထားဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့စစ်တွေမြို့အနီးဝန်းကျင်က စစ်တပ်စခန်း​တွေကို ထိုးစစ်ဆင်တာဟာ ရွှေမင်းဂံရေတပ်စခန်းနားကနေ ဒေသကွပ်ကွဲမှုစစ်ဌနချုပ်(ဒကစစစ်တွေ)နဲ့အနီးဆုံးမှာရှိတဲ့ နာရီကန်ကျေးရွာနားထိ ရောက်လာခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။