Connect with us

Hi, what are you looking for?

သတင်း

NLD ရုံးချုပ်ရှိ ဆိုင်းဘုတ်နဲ့ အလံကို စစ်တပ်ဖြုတ်ချ

အထက်ရွှေဂုံတိုင်လမ်းမပေါ်မှာရှိတဲ့ အမျိုးသားဒီမိုက​ရေစီ (NLD )ရုံးချုပ်အ​​ဆောက်အအုံမှာရှိ​နေတဲ့ဆိုင်းဘုတ်နဲ့ အလံကို အာဏာသိမ်းစစ်တပ်က ဖြုတ်ချခဲ့ပါတယ်။

(စစ်တပ် ဖျက်ဆီးပြီး ချိတ်ပိတ်ထားတဲ့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်(NLD)ပါတီရုံးချုပ်အ​​ဆောက်အအုံကို ဇွန်လ ၁၃ ရက်မှာ​တွေ့ရစဥ်။ဓါတ်ပုံ-TP)

ဇွန်-၁၃၊၂၀၂၆။တာရာ/People’s Spring

အထက်ရွှေဂုံတိုင်လမ်းမပေါ်မှာရှိတဲ့ အမျိုးသားဒီမိုက​ရေစီ (NLD )ရုံးချုပ်အ​​ဆောက်အအုံမှာရှိ​နေတဲ့ဆိုင်းဘုတ်နဲ့ အလံကို အာဏာသိမ်းစစ်တပ်က ဖြုတ်ချခဲ့ပါတယ်။

စစ်တပ်ကဇွန်လ ၁၂ ရက်ညပိုင်းမှာ NLD ရုံးချုပ်ရှိ ဆိုင်းဘုတ်နဲ့ အလံကို လာရောက်ဖြုတ်ချသွားခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

“ကားသုံးစီးလောက်နဲ့ လာပြီးဖြုတ်သွားတာ။ ည ၁၀ နာရီဝန်းကျင်လောက်တော့ရှိမယ်။ အရင်တုန်းကဒီတိုင်းပဲရှိနေတာ။ အခုမှလာဖြုတ်သွားတာ”လို့ မျက်မြင်​တွေ့ရှိသူတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၀ ရွေးကောက်ပွဲမှာသောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ NLD ပါတီကို မဲစာရင်းမှားယွင်းတယ်လို့ စစ်တပ်က စွပ်စွဲပြီး ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် ပါတီ​ခေါင်း​ဆောင်​တွေကိုဖမ်းဆီးကာ အာဏာသိမ်းခဲ့ပါတယ် ။ဒါအပြင်ပါတီရုံး​တွေကို စစ်တပ်ကကျူးကျော်ဖျက်ဆီးခဲ့သလို ပါတီဝင်တွေရဲ့ နေအိမ်ပိုင်ဆိုင်မှုရာ​ပေါင်းများစွာကိုလည်း ချိတ်ပိတ်ခဲ့ပါတယ်။

စစ်တပ်က ဒီချုပ်ပါတီ ကိုယ်စားလှယ် ၁၉၉ ဦး နဲ့ ပါတီဝင် ၂၆၁ ဦး စုစု​ပေါင်း ၄၆၀ ဦးရဲ့​နေအိမ်​တွေကို ချိတ်ပိတ်ခဲ့ပြီး ၊ ဒီချုပ်အမတ် ၁၄၉ ဦး ၊ပါတီဝင် ၂၈၈၀ ဦး အပါအဝင် ပြည်သူ​ပေါင်း နှစ်​သောင်းဝန်းကျင်ကို မတရာဖမ်းဆီးထားတယ်လို့ NLD ကထုတ်ပြန်ထားပါတယ်။ဒါအပြင် ဒီချုပ် အမတ် ၈ ဦး ပါတီဝင် ၁၁၈ ဦးတို့ကိုလည်း စစ်တပ်ကသတ်ဖြတ်ခဲ့တယ်လို့ ၂၀၂၆ ​ဖေ​ဖော်ဝါရီလမှာ ဒီချုပ်က ထုတ်ပြန်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။