Connect with us

Hi, what are you looking for?

သတင်း

ဗြိတိန်နဲ့ သြစ​တြေးလျမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ စုပေါင်းလမ်းလျှောက်

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

ဇွန်-၁၅၊၂၀၂၆။သုည/People’s Spring

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီးလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ခြေလှမ်း ၈၁၀၀ လမ်းလျှောက် ဆန္ဒပြခြင်း ပြုလုပ်ခဲ့ပါတယ်။

သြစတြေးလျရောက် မြန်မာတွေက “81 for 81” စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတွေ ကိုင်ဆောင်ကာ စုပေါင်းလမ်းလျှောက်ခဲ့ပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်စေဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာလည်း ပြည်ပရောက်မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် “81 for 81 Proof of life Challenge” အဖြစ် “8.1 km” လမ်းလျှောက်ခဲ့ပါတယ်။

ဒါ့အပြင် “Proof of Life” စာသားကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြပေးဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။

ယမန်နေ့ကလည်း နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – Click to Fight

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စစ်ကောင်စီသံရုံးရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသပိတ်ကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရပေမယ့် တစ်ဦးတည်း သီးသန့်ခွဲပြီး နေထိုင်နေရပုံ ပေါ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဗြိတိန်အ​ခြေစိုက် The Guardian သတင်းဌာနကို ပြောကြားပါတယ်။

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။