Connect with us

Hi, what are you looking for?

သတင်း

ဗြိတိန်နဲ့ သြစ​တြေးလျမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ စုပေါင်းလမ်းလျှောက်

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

ဇွန်-၁၅၊၂၀၂၆။သုည/People’s Spring

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီးလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ခြေလှမ်း ၈၁၀၀ လမ်းလျှောက် ဆန္ဒပြခြင်း ပြုလုပ်ခဲ့ပါတယ်။

သြစတြေးလျရောက် မြန်မာတွေက “81 for 81” စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတွေ ကိုင်ဆောင်ကာ စုပေါင်းလမ်းလျှောက်ခဲ့ပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်စေဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာလည်း ပြည်ပရောက်မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် “81 for 81 Proof of life Challenge” အဖြစ် “8.1 km” လမ်းလျှောက်ခဲ့ပါတယ်။

ဒါ့အပြင် “Proof of Life” စာသားကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြပေးဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။

ယမန်နေ့ကလည်း နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – Click to Fight

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်မယ့် Together for Tomorrow ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံရဲ့ မြို့ သုံး မြို့မှာ ပြုလုပ်သွားမှာပါ။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။