Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့မှာမီးလောင်ပြီး ကလေးနှစ်ဦးသေဆုံး

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

ဇွန် – ၁၉ ၊ ၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

မြ၀တီမြို့၊အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းရှိနေအိမ်တစ်လုံးမှာ ဒီနေ့ နေ့ခင်းပိုင်း ၃ နာရီ ၂၀ မိနစ်အချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

တစ်နာရီခန့်ကြာမြင့်တဲ့အဲဒီမီးလောင်မှုကဂက်စ်အိုးနဲ့ ထမင်းအိုးတည်ရာကနေအနီးနားရှိဓာတ်ဆီပုံးမီးကူးစက်တာကစတင်တာလို့မီးသတ်က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်မှုကြောင့်အသက်တစ်နှစ်အရွယ်ယောကျ်ားလေးတစ်ဦး၊အသက် ၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦးသေဆုံးသွားခဲ့ပြီးအသက် ၇၅ နှစ်အရွယ် အမျိုးသားကြီးကတော့ ဝဲလက်၊ ကျောပြင်နဲ့ ခြေထောက်မှာ မီးဟက်ခံရတဲ့ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။