Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်မှာ တိုက်ခိုက်ခံရတဲ့ Mi-17 ရဟတ်ယာဉ်ကို စစ်တပ်က ကားတွေနဲ့ပြန်သယ်

မ‌ကွေးတိုင်း၊မြိုင်မြို့နယ်မှာ တိုက်ခိုက်ခံရတဲ့ Mi-17 ရဟတ်ယာဉ်ကို စစ်တပ်က ကားတွေနဲ့ ပခုက္ကူမြို့ကို ပြန်သယ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

(၂၀၂၆ ဇွန်လ ၂၃ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်လို့ Mi-17 ရဟတ်ယာဉ်မီးလောင်နေစဉ်။ ဓာတ်ပုံ - Screengrab)

ဇွန်-၂၇၊၂၀၂၆၊ကတ်သရင်းနှင်း/ People’s Spring

မ‌ကွေးတိုင်း၊မြိုင်မြို့နယ်မှာ တိုက်ခိုက်ခံရတဲ့ Mi-17 ရဟတ်ယာဉ်ကို စစ်တပ်က ကားတွေနဲ့ ပခုက္ကူမြို့ကို ပြန်သယ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ၂၃ရက်က မြိုင်မြို့နယ်၊တွင်းမရွာအနီးမှာ စစ်တပ်ရဲ့ Mi-17တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး မီးလောင်ပျက်စီးသွားတဲ့ ရဟတ်ယာဉ်ကို စစ်တပ်က အင်အားထောင်ချီသုံးကာ ပြန်လည်သယ်ယူနေတာလို့ သိရပါတယ်။

“အတိုက်ခံရတဲ့နေ့က ရောက်လာတဲ့ အင်အားတွေလည်းရှိတယ်။ကားတွေနဲ့ ရောက်လာတာ လေ။အင်အားကို ထောင်ဂဏန်းလောက်ရှိမယ်။အဲဒီအပျက်အစီးကို လာသယ်နေတာ”လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ရဟတ်ယာဉ်တိုက်ခိုက်ခံရစဉ်ကလည်း အဲဒီနေရာကို အင်အားပို့ထားပြီး ဒီနေ့လည်း ကား ၃စီးနဲ့ စစ်အင်အားဖြည့်ကာ ကားတွေနဲ့ပျက်စီးနေတဲ့ ရဟတ်ယာဉ်ကို ပြန်လည်သယ်ယူနေတာလို့ သိရပါတယ်။

ဒါ့အပြင် လေကြောင်းကနေ Y-12၊ Mi-35တို့ တလှည့်ဆီပြန်ဝဲကာ လေကြောင်းက နေလုံခြုံရေး ပေး နေတယ်လို့လည်း သိရပါတယ်။

“ကမ္မမြို့ အရှေ့ဘက်မှာ ရမ်းသမ်းပြီး စက်လက်ဆွဲသွားတာ တော့ရှိတယ်။ဗုံးကြဲတာ တော့မရှိပါဘူး။ကိုယ့်ဘက်က တိုက်ခိုက်တာမျိုးလည်းမရှိဘူးလေ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် Mi-17ကို ဇွန်လ၂၃ ရက်မှာ တော်လှန်ရေး ‌‌‌‌‌‌‌‌‌‌‌‌တပ်တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရဟတ်ယာဉ်ပျက်စီးခဲ့တာလို့ သိရပါတယ်။

ပေါက်မြို့နယ်ပကဖ ဒရုန်းတပ်ဖွဲ့ကဦး​ဆောင်ပြီး မင်းဘူးခရိုင်အမှတ်(၄) တပ်ရင်း၊ MGY-PDF၊ အညာဖိုက်တာLocal တပ်ဖွဲ့နဲ့ စကားပြောက် ကျားတပ်ဖွဲ့ (၅)ဖွဲ့တို့က FPVဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဥ် ရပ်​နေတုန်း ​နောက်ပိုင်းကို ဒရုန်းနဲ့တိုက်ခိုက်လိုက်တာ​ကြောင့် ​အောက်ပိုင်း​တွေပျက်စီး​သွားတဲ့ ရဟတ်ယာဥ် စက်လုံးလုံးရပ်တန့်သွားချိန်မှာ ​ဦးခေါင်းပိုင်းကို​နောက်ထပ်ဒရုန်းတစ်စင်းက တိုက်ခိုက်လိုက်လို့ မီး​လောင်​ပေါက်ကွဲပြီးမီးခိုးလုံးထွက်လာပါတယ် ။ ဒရုန်း ၂ စင်းနဲ့ ထိထိမိမိ တိုက်ခိုက်ခံရတာမို့ စစ်သုံးသယ်ယူပို့​ဆောင်​ရေးရဟတ်ယာဥ် အကြီးအကျယ်ထိခိုက်ပျက်စီးသွားပါတယ်။

ဒါအပြင် တိုက်ခိုက်မှုအတွင်း စစ်တပ်က ထိခိုက်သေဆုံးမှုလည်း များခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တ​နေရာမှာမှာ ​​တော်လှန်​ရေးမဟာမိတ်တပ်ဖွဲ့​တွေက ပစ်ချလိုက်​ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway - PDF)ကထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၂ ရွာက အိမ်ခြေ ၇၀ နီးပါး ပြာကျခဲ့ပါတယ်။