Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ မန္တလေးတိုင်းအစပ်နေရာတွေကို စစ်တပ်က လေကြောင်း၊​လက်နက်ကြီးတို့နဲ့ တိုက်ခိုက်နေ

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ် ၃ခု ထိစပ်နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

(စဥ့်ကူးမြို့နယ် မြေနုကျွန်း​ပေါ်က ပြည်သူ​နေထိုင်ရာကို စစ်တပ် ပစ်ခတ်လို့ ဒဏ်ရာရ ပြည်သူ​တချို့ကို​ တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

ဇွန်-၂၇၊ ၂၀၂၆။ ကတ်သရင်းနှင်း/People’s Spring

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ် ၃ခု ထိစပ်နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဇွန်လ၂၇ ရက် ဒီနေ့ မနက် ၇နာရီကျော်မှာ သပိတ်ကျင်းမြို့နယ်၊ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တတက-၁၃)ကနေတက်လာတဲ့ Mi-35ရဟတ်ယာဥ်နဲ့ မတ္တရာမြို့နယ် ရှင်လှနဲ့ ပိုဝရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့သလို စဉ့်ကူးမြို့နယ်၊ သဲအင်းရွာ ဘေးပတ်လည်ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် နေ့လယ်ပိုင်းမှာ စစ်ကူအင်အားနဲ့ လက်နက်ကြီးတွေပါတဲ့ စစ်သင်္ဘောတစ်စီး၊ တိုက်ခိုက်ရေး သင်္ဘောတစ်စီးတို့ ဆန်တက်လာပြီး မြစ်ကမ်းကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ဒီနေ့ ညပိုင်းမှာ ဝက်လက်၊ မတ္တရာနဲ့ စဉ့်ကူးမြို့နယ် သုံးခုဆုံရာ အင်ဒေါင်းကျေးရွာအနီး ကျောက်ချ ရပ်နားထားတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သိရပါတယ်။

Public Service Announcement

Public Service Announcement

“လက်နက်ကြီးတွေက တောက်လျှောက်ပစ်ခတ်နေတာ။ တအုန်းအုန်းနဲ့ပဲ။ ပုန်းစရာ နေရာကို မရှိဘူး။ (ဧရာဝတီမြစ်)ရေတက်နေချိန် ပြေးစရာ မြေလည်းမရှိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်စစ်သင်္ဘောတွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူထိခိုက်မှုတွေလည်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့ ညနေ ၅နာရီ ဝန်းကျင်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁စီး၊ မကွေး လေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၁စီးနဲ့ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း စဉ့်ကိုင်ရွာနဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက မိုးကြိုးရွာ၊ ရေလည်ကျွန်းရွာတို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မနက်ပိုင်းကလည်း စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာရဲစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီးတစ်ဦးထိမှန် သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။