Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်တိုက်ပွဲမှာ စစ်သား ၁ဦးကို လက်နက်နဲ့ အရှင်ဖမ်းမိ

မကွေးတိုင်း၊ စလင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ဦးကို အရှင်ဖမ်းမိပြီး လက်နက်အချို့နဲ့ဒရုန်း ၁စီးကို ဖျက်ချသိမ်းဆည်းရရှိတယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

(စလင်းမြို့နယ်တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်သား။ ဓာတ်ပုံ - စလင်း ပကဖ)

ဇူလိုင် -၂၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ဦးကို အရှင်ဖမ်းမိပြီး လက်နက်အချို့နဲ့ဒရုန်း ၁စီးကို ဖျက်ချသိမ်းဆည်းရရှိတယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

လေယာဥ်ဗုံးသီး ထုတ်လုပ်တဲ့ ကပစ – ၂၁ ရဲ့ မီးလိုင်းတွေ ပြုပြင်ဖို့ စစ်တပ်က အင်အား ၂၀၀ကျော် နဲ့ စလင်းမြို့နယ် တညောင်ဒေသကို ဇွန်လ ဆန်းပိုင်းကစပြီး စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၉ ရက်မှာ စစ်တပ် ကင်းပတ်လာစေဖို့ နည်းဗျူဟာမြောက် စစ်ပရိယာယ် ဖော်ဆောင်ခဲ့ပြီးကင်းလှည့်လာတဲ့ စစ်တပ်ကို တိုက်ခိုက်အတွင်း စစ်ကောင်စီတပ်သား မျက်မြင် ၁ဦး သေဆုံးပြီး ၁ဦး အရှင်ဖမ်းမိ ရရှိခဲ့ကာ လက်နက်ငယ် (၂) လက်နဲ့ တခြား ပစ္စည်းတချို့ ရရှိခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ကင်းလှည့်စစ်ကြောင်းကို လှည့်စားတိုက်မှု ပြုလုပ်ပြီး စစ်တပ်ရဲ့ပင်မတပ်စစ်ကူလာခဲ့ရင် ချေမှုန်းတိုက်ခိုက်ဖို့ ပြင်ဆင်ထားပေမယ့် စစ်တပ်မ စစ်ကူမလာခဲ့ဘူးလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းက ၂၅ ရက်၀န်းကျင် ကြာမြင့်ခဲ့ပြီး စစ်ကြောင်းထိုးရာ တလျှောက်က ပြည်သူလူထုရဲ့ တန်ဖိုးကြီး ရွှေထည်တွေ အပါအ၀င် ပစ္စည်းတွေကို ခြိမ်းခြောက် လုယူတာ၊ ခိုးယူတာ၊ ပြည်သူ အမျိုးသမီး တစ်ဦးကို သတ်ဖြတ်တာတွေပြုလုပ်ခဲ့ပြီး ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးပါတယ်။

ဇွန်လ ၈ ရက်က စစ်တပ်ရဲ့ Military Attack ဒရုန်း ၁စီးကိုလည်း စလင်းမြို့နယ် ပကဖက ဖျက်ချသိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

“တညောင်ဘက်က စစ်ကြောင်းက စလေ ဘက်ကို အခုလ နောက်ဆုံးပတ်က ပြန်ခေါက်သွားပြီ။စလင်းအနောက်ဘက်ခြမ်းမှာတော့ စစ်တပ်ရဲ့ ပုံမှန်လှုပ်ရှားမှုတော့ ရှိတယ်”လို့ စလင်းမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

စလင်းမြို့နယ်အထက်ပိုင်းက တညောင်ဒေသဟာ ဆိပ်ဖြူမြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံတွေ ဖြစ်တဲ့ကပစ ( ၂၁ နဲ့ ၂၅) အပါအ၀င် အမှတ် (၉) လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာန ချုပ်(လစခ)တွေကို အဓိက ဓာတ်အားပေးတဲ့ဓာတ်အားခွဲရုံ ရှိပါတယ်။

စလင်းမြို့နယ်က စလင်း၊တညောင်၊ဆင်ဖြူကျွန်း စတဲ့မြို့ပေါ် နေရာအများစုကိုသာ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး ကျန်ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားပါတယ်။

ဒါ့အပြင် အခု ၂၀၂၆နှစ်ဆန်းပိုင်းက စလင်း၊ဆင်ဖြူကျွန်းမြို့ပေါ် နေရာတွေက စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းခဲ့တာ ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ် တော်လှန်ရေးသတင်းရင်းမြစ် သတိပေး

သတင်း

မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်း(ခလရ-၅၀ )က စစ်သား ၂ဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တွေက စစ်တပ်ရဲ့ စခန်းငယ်တခုကို AAထပ်မံသိမ်းပိုက်

သတင်း

ရှမ်းနဲ့ ကချင်ကြားအငြင်းပွားမှုပိုတိုးစေဖို့ စစ်တပ်ကပြဿနာတွေ ဖန်တီး​နေ

Trending

Facebook