Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုက စားအုန်းဆီ​ရောင်း​ပေးတဲ့ ခွဲတမ်းထပ်​လျှော့လို့ ​ဈေးတက်ပြီးဝယ်ရခက်

အခြေခံလူတန်းစားတွေအဓိက ဝယ်ယူသုံးစွဲနေတဲ့ စားအုန်းဆီကို စစ်အုပ်စုက ခွဲတမ်းထပ်မံ​လျှော့ချလိုက်တဲ့အတွက် ​ဈေးတက်လာပြီး ဝယ်ဖို့ ပိုခက်လာတယ်လို့ ပြည်သူတွေကပြောပါတယ်။

(စာအုန်းဆီဝယ်ယူဖို့ တန်းစီ​နေသူ​တွေကိြ ၂၀၂၂ သြဂုတ်လက​တွေ့ခဲ့ရစဥ်။ ဓါတ်ပုံ-EPA)

ဇူလိုင်-၆၊၂၀၂၆။တာရာ/People’s Spring

အခြေခံလူတန်းစားတွေအဓိက ဝယ်ယူသုံးစွဲနေတဲ့ စားအုန်းဆီကို စစ်အုပ်စုက ခွဲတမ်းထပ်မံ​လျှော့ချလိုက်တဲ့အတွက် ​ဈေးတက်လာပြီး ဝယ်ဖို့ ပိုခက်လာတယ်လို့ ပြည်သူတွေကပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ဇွန်လနောက်ဆုံးအပတ်(ဇွန်လ ၂၆ ရက်)က လုပ်ခဲ့တဲ့ အစားအသောက်မူဝါဒကော်မရှင်အစည်းအဝေးအမှာစားသုံးဆီပြည်ပကနေ

တင်သွင်းတာကို လျှော့ချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်ပိုင်း စားအုန်ဆီရာင်းတဲ့ဆိုင်​တွေရတဲ့ ခွဲတမ်းနည်းသွားသလို စျေးကွက်အတွင်းပြန်​ရောင်​ပေးတာလည်းနည်းသွားတာပါ။အရင်ကမိသားစုတစ်စုတစ်ပါတ်မှာ တစ်ပိသာဝယ်ရတာကနေ ဇူလိုင် လဆန်းမှာ ၅၀ ကျပ်သားပဲဝယ်ရ​တော့ပြီး အချို့မြို့နယ်တွေမှာတော့ လုံးဝမရောင်းပေးတော့ဘူးလို့ ပြည်သူအချို့က​ပြောပါတယ်။

“ဆီတွေက ကျွန်တော်တို့လည်း ခွဲတမ်းသိပ်မရတော့လို့ ရောင်းသူဘက်ကို လျှော့ချလိုက်တာ။ ဆီရနေသရွေ့တော့ရောင်းပေးပါမယ်။ အပြည့်တော့မဟုတ်ဘူးပေါ့” လို့ ဆီရောင်းချသူတဦးကပြောပါတယ်။

စားအုန်းဆီတွေကို ခွဲတမ်းလျှော့ချလိုက်တာကြောင့် အိမ်ရှင်မတွေအနေနဲ့လည်းအခက်ကြုံတွေ့နေရပြီး စျေးကြီးပေးဝယ်နေရတယ်လို့ သိရပါတယ်။

” ဆီကအရင်လိုမရတော့ဘူး။ အရင်ကတစ်ပါတ်တစ်ခါကို တစ်ပိသာရတယ်။ အခုက နှစ်ပတ်ကိုမှ ၅၀ သားပဲရတော့တယ်။ ဘယ်လိုစားလောက်တော့မလဲ။ ပဲဆီကတော့လည်း စျေးကြီးတော့ ဝယ်မစားနိုင်ဘူး။ ရတဲ့ဝင်ငွေနဲ့ပဲ စီမံနေရတာ။ လှောင်ထားတဲ့သူတွေဆီကနေ စျေးကြီးပေးဝယ်နေရတယ်။ တချို့မြို့

နယ်တွေဆိုမရတော့ဘူး”လို့ အိမ်ရှင်မတဦးကပြောပါတယ်။

မင်းအောင်လှိုင်က ပြည်ပကနေ စားသုံးဆီတင်သွားမှုကို လျှော့ချပြီး ပြည်တွင်း ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ဆီမုန့်ညှင်း၊ ပဲပုပ်၊ ဆီအုန်း တွေကိုလုံလောက်စွာစိုက်ပျိုးထုတ်လုပ်ဖို့ တိုက်တွန်းထားတယ်ဆိုပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ရည်ညွှန်းဈေးသည် စားအုန်းဆီတစ်ပိဿာကို ၇၂၄၅ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်မှာ​တော့ တစ်ပိဿာ (၁၉၀ဝဝ) ကျပ်အထိ ဈေး​ပေါက်​နေပါတယ် ။ဒါ​ပေမယ့် ဝယ်ယူရခက်ခဲနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် စားသုံးဆီသုံးစွဲမှု တန်ချိန် (၁၂)သိန်းခန့်ရှိပြီး နှစ်စဉ်ပြည်ပကနေ စားအုန်းဆီတန်ချိန်ကိုးသိန်းခန့် တင်သွင်းနေရကာ စားအုန်းဆီကို မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကနေ အများဆုံး တင်သွင်းနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ