Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့နယ်၊ပိန်းတောကြီးရွာမှာ လေဆင်နှာမောင်းတိုက်လို့တရွာလုံးနီးပါးပျက်စီး

လူဦးရေ ၂၀ဝ ကျော် နေထိုင်စရာ အရေးပေါ်လိုအပ်နေ

(​လေဆင်နှာ​မောင်းတိုက်ခတ်အပြီးပိန်းတောကြီးရွာက နေအိမ်အပျက်အစီးတွေ။ ဓါတ်ပုံ - APM )

ဇူလိုင်-၆၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်တောင်ပိုင်း ပိန်းတောကြီးကျေးရွာမှာ မ​နေ့က လေဆင်နှာမောင်းတိုက်ခတ်တာကြောင့်နေအိမ် ၄၅ လုံးပျက်စီးသွားပြီးလူ ၂၀၀ ကျော်အရေးပေါ် နေထိုင်စရာ လိုအပ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၅ ရက်နေ့ ညနေခြောက်နာရီဝန်း

ကျင်မှာ လေဆင်နှာမောင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး အိမ်ခြေ ၇၀ ဝန်းကျင်ရှိတဲ့အထဲ ၄၅ ဆောင်ဟာ လုံး၀ပျက်စီးသွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

“တရွာလုံးနီးပါးပဲပျက်သွားတာ။အိမ်တွေက ယာယီတက်နေလို့ကို မရတော့ဘူး။ အဲဒီရွာ

သားတွေ ဆင်းရဲ၊ ပင်ပန်း ကြတယ်။ အများစုက လယ်ပိုင်ယာပိုင်မရှိ၊ လက်လုပ်လက်စားတွေ။ အခုနေစရာ မရှိသေးဘူး သူတို့မှာ။ အလှူရှင် တွေလည်း မရောက်သေးဘူး” လို့ ပိန်းတောကြီးရွာအနီးရှိ ကျောက်ကြီးရွာမှ ဒေသခံတဦးက ပြောပါတယ်။

ပိန်းတောကြီးရွာဟာ သံတွဲမြို့နဲ့ ဂွမြို့နယ် ကျိန္တလီမြို့တို့ကြားပင်လယ်ပြင်နဲ့ သုံးမိုင်ကျော်အကွာမှာ တည်ရှိပြီး ရွာသားတွေဟာ လယ်

ယာလုပ်ငန်းလုပ်ကိုင်ကြပေမယ့် အများစုကတော့ အခြေခံလက်လုပ်လက်စားတွေဖြစ် တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အိမ်အပျက်အစီးတွေအတွက်အာရက္ခတပ်တော်(AA) လက်အောက်ခံ၊ လူသားချင်းစာနာထောက်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က သွား

ရောက်ကူညီဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

“လောလောဆယ်မိုးလည်း တအားကောင်းနေတော့ နေစရာလေးတခု အမြန်ဆုံး လုပ်ပေးဖို့လိုတယ်” လို့ ကျောက်ကြီးရွာခံတဦးက ပြောပါတယ်။

သံတွဲအပါအဝင် ရခိုင်ပြည်နယ်အတွင်း အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေပြီး တခါတရံလေးပြင်းပါတိုက်ခတ်နေပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်အောင်တို့မှာ အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းနေဆဲဖြစ် တာကြောင့် ရခိုင်ကမ်းရိုးတန်း၊ ချင်းတောင်တန်းနဲ့ မွန်၊ ကရင်ဒေသတွေမှာ ရက်ဆက် မိုးကြီးနိုင်ပြီး မိုးသက်လေ ပြင်းများ သတိပြုရမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ