Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနဲ့ နယ်စပ်နားမှာ မြန်မာစစ်တပ် လေယာဉ်က ဗုံး ၃၃ လုံး ကြဲခဲ့တယ်လို့ဆို

ထိုင်းနဲ့ နယ်စပ်နားမှာ မြန်မာစစ်တပ် လေယာဉ်က ဗုံး ၃၃ လုံး ကြဲချခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

(မြန်မာ-ထိုင်းနယ်စပ်မှာဇူလိုင်၆ ရက်ကဗုံးကြဲ ခဲ့တဲ့ စစ်တပ်ရဲ့Y-12 ​လေယာဥ်။ ဓါတ်ပုံ-Thai Enquirer)

ဇူလိုင် – ၆ ၊၂၀၂၆

ထိုင်းနဲ့ နယ်စပ်နားမှာ မြန်မာစစ်တပ် လေယာဉ်က ဗုံး ၃၃ လုံး ကြဲချခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

စစ်တပ်ရဲ့ Y-12 အမျိုးအစား လေယာဉ်ဟာ ဇူလိုင် ၆ ရက် မနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ကရင်တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေးတည်နေရာ တစ်ခုကို ဗုံးတွေ ကြဲချခဲ့တာလို့ ဒေသခံတွေကို ကိုးကားပြီး Thai Enquirerက ရေးသားထားခဲ့ပါတယ်။

ဗုံးတွေ ကျရောက်တဲ့ နေရာဟာ ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်ရဲ့ ဖော့ဖရားခရိုင် နယ်စပ်နဲ့ ၃ ကီလိုမီတာလောက်သာ ကွာဝေးတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)ရဲ့ ထိုးစစ်ဆင်လာမှုကြောင့် အခြေစိုက် စခန်းတစ်ခု မကျရအောင် ခုခံနေတဲ့ အာဏာသိမ်း စစ်တပ်က Y-12နဲ့ ဗုံးကြဲစေခဲ့တာလို့ ထိုင်းသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်နားက တိုက်ပွဲတွေဟာ မဲဆောက်ရဲ့ တစ်ဖက်ခြမ်း၊ မြဝတီမြို့နယ်ထဲက မင်းလက်ပံ ကျေးရွာတဝိုက်မှာလည်း ဆက်လက် ဖြစ်ပွားနေဆဲလို့ သိရပါတယ်။

KNLAရဲ့ ဖိအားပေး တိုက်ခိုက်မှုတွေကို စစ်တပ်က အပြင်းအထန် ခုခံနေရပြီး နှစ်ဖက်စလုံးမှာ ထိခိုက်ကျဆုံးမှုတွေ ရှိနေကြောင်း Thai Enquirer သတင်းထဲမှာ ပါရှိခဲ့ပါတယ်။

မြန်မာဖက်က တိုက်ပွဲတွေကနေ လမ်းချော်လာတဲ့ ကျည်ဆန်တွေ၊ မော်တာကျည်တွေက ထိုင်းနယ်စပ်ဖက်ကို ကျရောက်ခဲ့တာကြောင့်လည်း ထိုင်းနယ်စပ် ကျေးရွာတွေက ဒေသခံတွေကြား စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အရင်ကလည်း မြန်မာဖက်ကနေ လမ်းချော်လာတဲ့ ကျည်တွေကြောင့် ထိုင်းရဲ့ ဘန်ဟွေမဟာဝမ် တဝိုက်မှာ နေအိမ်တွေ ထိခိုက်ပျက်စီးတာမျိုး ကြုံတွေ့ခဲ့ဖူးပါတယ်။

ကိုးကား – Thai Enquirer

ဆက်စပ်သတင်းများ