Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမှာ စစ်အုပ်စုထံ မူးယစ်ဆေးရောင်းမယ့် အမျိုးသား ၂ ဦးကို ပလဖ ဖမ်း​ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီးတွေထံ မူးယစ်ဆေးသွားရောင်းမယ့် အမျိုးသား ၂ ဦးကို ဆေးပြားတွေနဲ့အတူ ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ဖမ်းဆီးလိုက်ပါတယ်။

(စစ်အုပ်စုထံ မူးယစ်ဆေးသွားရောင်းရန် ကြံစည်ထားပြီးမှ အဖမ်းခံလိုက်ရသူ ၂ ဦးအား တွေ့ရစဥ်။ ဓါတ်ပုံံ-ကန်​ဘလူ ပအဖ)

ဇူလိုင် ၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီးတွေထံ မူးယစ်ဆေးသွားရောင်းမယ့် အမျိုးသား ၂ ဦးကို ဆေးပြားတွေနဲ့အတူ ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ဖမ်းဆီးလိုက်ပါတယ်။

ဇူလိုင် ၂ ရက်နဲ့ ၅ ရက်မှာ ကန့်ဘလူမြို့နယ်အတွင်း စိတ်ကြွမူးယစ်ဆေးရောင်းဝယ်သူ ၂ ဦးကို ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ အမျိုးသား ၂ ဦးဟာ ထန်းကုန်းကျေးရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ သွားရောက်ရောင်းချဖို့ ယူဆောင်လာတာဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိရကြောင်း ကန့်ဘလူပအဖအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“လက်ရှိဖြစ်စဥ်အနေနဲ့တော့ ဒါကို စစ်ဆေးသိရှိရတာပါ ။ တခြားတော့ သူတို့ဖြန့်နေတဲ့ နယ်တွေများပါတယ် ။ NUG စိုးမိုးနယ်မြေတွေထဲလည်း မူးယစ်ဆေးတွေ့ရှိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အတတ်နိုင်ဆုံး ထိန်းချုပ်ဆောင်ရွက်နေကြပါတယ်”လို့ ကန့်ဘလူပအဖအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

လက်ရှိ ဖမ်းဆီးရမိသူ ၂ဦးကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကန့်ဘလူမြို့နယ်မှာ ယခင်ကလည်း မူးယစ်ဆေးဝါးမှုတွေ အကြိမ်ကြိမ်ဖမ်းဆီးရမိခဲ့ဖူးပြီး တရားစီရင်ပြီးပြတ်ပါက အမြင့်ဆုံးပြစ်ဒဏ် ချမှတ်လေ့ရှိကြောင်း၊ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကိုလည်း ၃ ကြိမ်တိုင် ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

စစ်တပ်ဟာ အကျိုးစီးပွားအတွက်အပြင် တော်လှန်ရေး ဖြိုခွင်းဖို့ လက်နက်တစ်ခုအနေနဲ့ပါ မူးယစ်ဆေးကို အသုံးချနေတာကြောင့် ပြည်သူတွေအနေနဲ့ သတင်းပေးတိုင်ကြားကြဖို့ ကန့်ဘလူပအဖအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကပဲ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချနေသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။ ဒါ့အပြင် ဒီပဲယင်းမြို့နယ်မှာပဲ ယခင်ဖမ်းဆီးထားတဲ့ မူးယစ်တရားခံ တစ်ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ် ချမှတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထွီလာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေဆိုးရွားနေလို့ ပြည်သူတွေမထွက်ရဲတော့တာကြောင့် မူးယစ်ဆေးဝါး ရောင်းတဲ့အဖွဲ့ကို ပေါ်တာဆွဲတဲ့အဖွဲ့ဆိုပြီး စစ်တပ်က အယောင်ပြဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အမှတ်(၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ဦးတည်တဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေပြင်းထန်နေတဲ့ ပန်းတောင်းမြို့နယ်မှာ စစ်တပ်ဂိတ်တွေကို အစစ်အဆေးမရှိဖြတ်ကျော်လာတဲ့ စိတ်ကြွဆေးပြား သိန်း ၃၀‌ကျော်ကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်

နိုင်ငံတကာ

ဘဟားမားစ် ကမ်းလွန်ရေပြင်က ငါးမန်းတွေဟာ မူးယစ်ဆေး၊ ကဖိန်းဓာတ်တွေနဲ့ ထိတွေ့ထားမှုတွေ ရှိနေကြောင်း သုတေသန စစ်တမ်းအသစ် တစ်ခုက ညွှန်ပြနေပါတယ်။