Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်က တိုက်ပွဲမရှိတဲ့ကျေးရွာကို စစ်တပ် ဗုံးကြဲ၊ ပြည်သူထိခိုက်မှုရှိ၊ နေအိမ် ၁၀ လုံးကျော် ပျက်စီး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။

(ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ Hkl-Mindat)

ဇူလိုင် ၇၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။

ဇူလိုင် ၆ရက် မနေ့ည ၁၀နာရီကျော်မှာ စစ်တပ်တိုက်လေယာဉ်ဟာ မင်းတပ်မြို့ပေါ်တနေရာကို ဗုံးကြဲခဲ့သလို မင်းတပ်မြို့နယ်ထဲက ကျေးရွာတစ်ရွာကိုလည်း ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထု နေအိမ် ၁၀လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အရပ်သားထိခိုက်မှုရှိကြောင်း ဒေသခံက ပြောကြားပြီး အသေးစိတ်အခြေအနေတွေ မေးမြန်းထားဆဲပါ။

အခု လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာဟာ တိုက်ပွဲမရှိတဲ့ နေရာက ရွာဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

“ဘာမှမရှိတဲ့ နေရာ ရဲဘော်လည်းမရှိ”ဟု မင်းတပ်ဒေသခံက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်အပါအဝင် ချင်းတောင်ပိုင်းထိုးစစ်ဆင်ရာမှာ တိုက်ပွဲမဖြစ်တဲ့ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာတယ်လို့ ဒေသခံက ပြောပါတယ်။

ဇွန်လကုန်ပိုင်းကလည်း စစ်တပ်ဟာ မင်းတပ်မြို့အနီးက ကျေးရွာကို လေကြောင်းဗုံးကြဲခဲ့လို့ အသက် (၇)နှစ်၊ (၈)နှစ်နဲ့ (၁၀)နှစ် အရွယ်ကလေးငယ် ၃ဦး သေဆုံးခဲ့ရပါတယ်။

မင်းတပ်မြို့တိုက်ပွဲအထိနာတဲ့ စစ်တပ်ဟာ မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးပြုလုပ်လျက်ရှိရာ အတွဲလိုက် ဗုံးတွေ၊ ဆင့်ပွားပေါက်ကွဲမှု ပြင်းတဲ့ဗုံးတွေ၊ ဖျက်အားပြင်းဗုံးတွေအသုံးပြု တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ်မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ဝန်ထမ်း ၁ဦးကို စစ်တပ်စစ်ကြောင်းက မျက်လုံးတွေဖောက်ထုတ် သတ်ဖြတ်သွားတယ်လို့ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို ပြောပါတယ်။