Connect with us

Hi, what are you looking for?

သတင်း

ရေကြည်မြို့ (၂၂၇)ပွိုင့်ကုန်းတိုက်ပွဲက ထွက်ပြေးတဲ့စစ်သားတွေကို လိုက်လံချေမှုန်းရာ ရုပ်အလောင်းအချို့နဲ့ လက်နက်ခဲယမ်း သိမ်းရဟု AA ထုတ်ပြန်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းတွေ သိမ်းပိုက်စဉ် ထွက်ပြေးသွားတဲ့ တပ်မ(၆၆) လက်အောက်ခံတပ်ကို လိုက်လံချေမှုန်းရာ စစ်တပ်ရုပ်အလောင်းအချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိတယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ဇူလိုင် ၇ရက်မှာ ထုတ်ပြန်လာပါတယ်။

(ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်တပ် (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းတိုက်ပွဲက ထွက်ပြေးတဲ့ စစ်သားတွေ လိုက်လံချေမှုန်းမှုအတွင်း သိမ်းရရှိခဲ့တဲ့ လက်နက်ခဲယမ်း​တွေ။ ဓာတ်ပုံ - AA)

ဇူလိုင်-၇၊၂၀၂၆/People’s Spring

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းတွေ သိမ်းပိုက်စဉ် ထွက်ပြေးသွားတဲ့ တပ်မ(၆၆) လက်အောက်ခံတပ်ကို လိုက်လံချေမှုန်းရာ စစ်တပ်ရုပ်အလောင်းအချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိတယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ဇူလိုင် ၇ရက်မှာ ထုတ်ပြန်လာပါတယ်။

ဇူလိုင် ၄ရက်မှာ ထွက်ပြေးနေတဲ့ ရန်သူတွေနဲ့ မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့လက်နက်ခဲယမ်းအချို့၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နဲ့ ရန်သူ့အလောင်းအချို့ရခဲ့တယ်လို့ AA က ဆိုပါတယ်။

စစ်တပ်ဟာ AA သိမ်းပိုက်ထားတဲ့ကုန်းတွေနဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို ဂျက်ဖိုက်တာတွေနဲ့ အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခြင်း၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခြင်း၊ အဝေးက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ AAက ထုတ်ပြန်ပါတယ်

Public Service Announcement

Public Service Announcement

ရေကြည်မြို့နယ်က စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်း ၂ခုကို တိုက်ခိုက်သိမ်းယူလိုက်တယ်လို့ အာရက္ခတပ်တော်(AA)က ဇူလိုင် ၄ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂ရက်မှာ ရေကြည်မြို့နယ်ရှိ စစ်တပ် (၂၂၇) ပွိုင့်ကုန်းရဲ့ အနောက်ဘက် (၁.၁) ကီလိုမီတာခန့်အကွာမှာ တပ်စွဲထားတဲ့ ပထမကာကင်းကုန်းနဲ့ ဇူလိုင် ၃ရက်မှာ(၂၂၇) ပွိုင့်ကုန်းကနေ (၁) ကီလိုမီတာခန့်အကွာအဝေးရှိ ဒုတိယကာကင်းကုန်း(တာဝါတိုင်စခန်းကုန်း)တွေကို တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ရယူနိုင်ခဲ့တာလို့ အာရက္ခတပ်တော်(AA)က ဖော်ပြပါတယ်။

အဲဒီ ကာကင်းစခန်းကုန်းသိမ်းတိုက်ပွဲတွေက ရန်သူ့အလောင်းအချို့နဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း ထပ်မံ အသိပေးပါတယ်။ ဒါ့အပြင် စစ်တပ်က အထိအခိုက်၊ အကျအဆုံးများစွာနဲ့ ပွိုင့် (၂၂၇) ကုန်းကို ကစဉ့်ကလျား ထွက်ပြေးနေတဲ့ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းက ရန်သူတွေကိုလည်း လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိတယ်လို့လည်း​ ဖော်ပြပါတယ်။

ရေကြည်မြို့နယ်က စစ်တပ်ရဲ့ ပွိုင့် (၂၈၈)၊ ပွိုင့် (၁၈၈) နဲ့ ပွိုင့် (၁၄၈)ကုန်းတို့ကို AAနဲ့ မဟာမိတ်တို့က ဇွန်လ ၁၇ရက်၊ ၁၉ရက် နဲ့ ၂၁ရက်တွေမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။သိမ်းပိုက်ရယူခဲ့ပြီးနောက်ပိုင်းမှာလည်း အဲဒီပတ်ဝန်းကျင်တွေမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စစ်တပ်က ပွိုင့်ကုန်းတွေ ပြန်လည်ရယူနိုင်ဖို့ စစ်အင်အားများကို ထပ်မံဖြည့်တင်းကာ ထိုးစစ်တွေကို မရပ်မနားပြုလုပ်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်သူဟာ (၃၄၄) အမြောက်တပ်ကို ပုသိမ်အခြေစိုက်တပ်ရင်းတွေက ထပ်မံ အင်အားဖြည့်တင်းနေတဲ့နည်းတူ လေးမျက်နှာဘက်မှာလည်း အင်အားဖြည့်တင်းလျက်ရှိတယ်လို့ ဆိုပါတယ်။ ပုသိမ်-မုံရွာလမ်းပိုင်းစိုးမိုးရေးကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပြီး အဲဒီလမ်းတစ်လျှောက်မှာ တပ်ဖြန့်နေရာယူတာကို စစ်အင်အားအများအပြားသုံးထားတယ်လို့လည်း AAကအသိ​ပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်က သေဆုံးမှုများနေပြီး တိုက်ပွဲ ၃ရက်မြောက်နေ့မှာ လန်ကျသွားတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဖားကန့်မြို့နယ်၊ဆည်ဇင်းရွာနဲ့ဆက်စပ်နေတဲ့ ဟုမ္မလင်းမြို့နယ်ထဲက နေရာအချို့မှာတိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေရွှေတူးတဲ့နေရာပတ်ဝန်းကျင်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိ​နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က သာဝတ္ထိကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။