Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့အနီး စစ်တပ်တပ်စွဲရာ​နေရာ​တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ

ရှမ်း-ကရင်နီ ပြည်နယ်အစပ် မိုးဗြဲမြို့အနီးက စစ်တပ်တပ်စွဲထားတဲ့နေရာ​တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ရှမ်းတောင်စစ်ဒေသ ဗျူဟာ ၁၄ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Screenshot

ဇူလိုင် -၈ ၊၂၀၂၆။ဇော်၀င်း/People’s Spring

ရှမ်း-ကရင်နီ ပြည်နယ်အစပ် မိုးဗြဲမြို့အနီးက စစ်တပ်တပ်စွဲထားတဲ့နေရာ​တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ရှမ်းတောင်စစ်ဒေသ ဗျူဟာ ၁၄ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မိုးဗြဲမြို့ အနောက်တောင်ဘက်က လွယ်ယင်း မဂ်လာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဇူလိုင်လ ၂ ရက်နေ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှု​ကြောင့်စစ်သားတဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့သူကဆက်​ပြောပါတယ်။

ရုပ်သံမှတ်တမ်းတွေအရ စစ်သားတွေရှိတဲ့အဆောက်အဦးတစ်လုံးပေါ် ဒရုန်းဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲပြီးနောက် ထိမှန်သူကို ဆွဲထုတ်ပြီး ဆိုင်ကယ်နဲ့ တင်ဆောင်သွားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

“မိုးဗြဲမြို့ လွယ်ယင်းမဂ်လာကျေးရွာထဲက ပြည်သူ့နေအိမ်တချို့နဲ့လက်ဝါးကားတိုင်တောင် calvaryတောင်မှာ အထိုင်ချတပ်စွဲထားပါတယ်။ အဲ့တောင်မှာ ပွိုင့်ဖိုက်တင်ထားပြီး အဲ့ကပစ်အားနဲ့ ရှေ့တိုးနေတာ”လို့ရှမ်းတောင်စစ်ဒေသ ဗျူဟာ ၁၄ တာ၀န်ရှိသူက လက်ရှိ စစ်ရေး အခြေအနေကို ပြောပါတယ်။

စစ်ဆင်​ရေးကို ​တော်လှန်​ရေးတပ်​တွေပူးပေါင်း​ဆောင်ရွက်ခဲ့ပြီး ရှေ့ဆက်လုပ်ငန်းစဥ်တွေအတွက် ပိုမိုအားကောင်းထိရောက်မယ့် နည်းပညာမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဥ်တွေကိုဖော်ဆောင်ဖို့ ဒရုန်းတပ်ဖွဲ့က ကြိုးစားလုပ် ဆောင်နေတယ်လို့ အသိပေးပါတယ်။

ဇွန်လ ၂၈ ရက်နေ့ကလည်း လွိုင်ကော်- မိုးဗြဲမြို့ ကြားက စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီ JOC တော်လှန် ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုရရှိခဲ့ပါတယ်။အဲဒီကာကင်းစခန်းတွေဟာ ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံမြို့ကို ထိုးစစ်ဆင်ဖို့ စစ်တပ်က ပြင်ဆင်စုဖွဲ့ထားတဲ့နေရာတွေလို့ သိရပါတယ်။

ဒါ့အပြင် မိုးဗြဲမြို့မှာရှိတဲ့ တော်လှန်ရေးတပ် တွေရဲ့ ရှေ့တန်းကင်းစခန်းနေရာကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ မေလ ၁၃ ရက်နဲ့ ဇွန်လ ၁၉ ရက် တွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသ – အယ်လ်ဖာဇုန် (မိုးဗြဲဇုန်)က ထုတ်ပြန်ထားပါတယ်။

အဲဒီ တိုက်ပွဲတွေမှာလည်း စစ်သား ၁၉ ဦး ၀န်းကျင်သေဆုံးပြီး လက် နက်ကြီး၊ လက်နက်ငယ်တွေ အပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံ-​ပေးပို့

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော်(AA)ရဲ့ မြေပြင်ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရချိန် ရှေ့တန်းတပ်ရင်းတွေနဲ့ တပ်စခန်းတွေကို အာဏာသိမ်းစစ်တပ်က အင်အားရာချီထပ်ဖြည့်နေသလို ဒေသခံရိုဟင်ဂျာတွေ ဖမ်းဆီးပြီး စစ်သင်တန်းပေးနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်၊ပလက်၀မြို့နယ် စိမ့်ညှင်း၀ရွာကို အာဏာသိမ်းစစ်တပ်ကဒီကနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။