Connect with us

Hi, what are you looking for?

သတင်း

သဘာ၀ဘေးကြုံနေရချိန် ပြည်သူကို လေကြောင်းတိုက်ခိုက်တဲ့ စစ်တပ်လုပ်ရပ်မှတ်တမ်းတင်ထားဟု AA ထုတ်ပြန်

ရက္ခိုင်ပြည်အတွင်း သဘာ၀ဘေးကြုံနေရချိန် စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို ကောင်းစွာ မှတ်တမ်းတင်ထားပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

(ဇူလိုင် ၁၀ရက်မနက်မှာ ဂွမြို့နယ် ကုလားချောင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - AA)

ဇူလိုင်-၁၁၊၂၀၂၆။ထားမြတ်/People’s Spring

ရက္ခိုင်ပြည်အတွင်း သဘာ၀ဘေးကြုံနေရချိန် စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို ကောင်းစွာ မှတ်တမ်းတင်ထားပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်က ဂွမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တဲ့ အခြေအနေ အသိပေးစဉ် အခုလိုဖော်ပြထားတာပါ။

အခုရက်တွေမှာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့ နေအိမ်များပျက်စီးတာ၊ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး နဲ့ မင်းပြားမြို့နယ်တို့မှာ ရေကြီးရေလျှံမှုများ ဖြစ်ပွားတာ စတဲ့ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရသော ရေဘေးဒဏ်သင့်ပြည်သူများအား အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေရချိန်မှာ စစ်တပ်က ပြည်သူတွေကို လူသားချင်း စာနာခြင်းကင်းမဲ့စွာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ဇူလိုင် ၁၀ရက်မနက်မှာ ဂွမြို့နယ်၊ ပေါက်တူးကျေးရွာနဲ့ ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာတို့ရှိ စာသင်ကျောင်းနဲ့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူသေဆုံးထိခိုက်မှု အဆောက်အအုံပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။

ပေါက်တူးကျေးရွာ စာသင်ကျောင်းနဲ့ လူနေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့သလို ကုလားချောင်းကျေးရွာမှ ၃ နှစ် ကလေးငယ် အပါအဝင် ၄ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာ အခုရက်တွေအတွင်း ဂွမြို့နယ် ရှိ အရပ်သားပြည်သူများနေထိုင်ရာနေရာ​​တွေကို လေကြောင်းမှ ဗုံးကြဲခြင်း၊ရေကြောင်းမှ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်းလည်း AAက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ လိုအပ်တဲ့ လေယာဉ်ဆီကို အာဏာသိမ်း မြန်မာစစ်တပ်က ဒီဇယ်ဆီလို့ စာရင်းလိမ် ဖော်ပြပြီး တင်သွင်းဝယ်ယူခဲ့ပါတယ်။

သတင်း

ငပြီကျွန်း​ပေါ်တိုက်ပွဲ​တွေမှာစစ်တပ်က၁၀၀ ​ကျော်​သေဆုံးပြီး (၅၀)ထက်မနည်းလက်နက်ချ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တပ်တောင်မြို့မှာ စိတ်ကျန်းမာရေးမကောင်း၊ စကားမပြောတတ်တဲ့ အမျိုးသမီး ၁ဦးကို ဒေသခံအမျိုးသား ၁ဦးက အဓမ္မပြုကျင့်မှုဖြစ်သူ အောင်သန်းရွှေကို အာရက္ခတပ်တော်(AA)လက်အောက်ခံ ရဲတပ်ဖွဲ့(DLEPS)က ဖမ်းဆီးထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

Facebook