Connect with us

Hi, what are you looking for?

သတင်း

သဘာ၀ဘေးကြုံနေရချိန် ပြည်သူကို လေကြောင်းတိုက်ခိုက်တဲ့ စစ်တပ်လုပ်ရပ်မှတ်တမ်းတင်ထားဟု AA ထုတ်ပြန်

ရက္ခိုင်ပြည်အတွင်း သဘာ၀ဘေးကြုံနေရချိန် စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို ကောင်းစွာ မှတ်တမ်းတင်ထားပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

(ဇူလိုင် ၁၀ရက်မနက်မှာ ဂွမြို့နယ် ကုလားချောင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - AA)

ဇူလိုင်-၁၁၊၂၀၂၆။ထားမြတ်/People’s Spring

ရက္ခိုင်ပြည်အတွင်း သဘာ၀ဘေးကြုံနေရချိန် စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို ကောင်းစွာ မှတ်တမ်းတင်ထားပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်က ဂွမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တဲ့ အခြေအနေ အသိပေးစဉ် အခုလိုဖော်ပြထားတာပါ။

အခုရက်တွေမှာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့ နေအိမ်များပျက်စီးတာ၊ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး နဲ့ မင်းပြားမြို့နယ်တို့မှာ ရေကြီးရေလျှံမှုများ ဖြစ်ပွားတာ စတဲ့ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရသော ရေဘေးဒဏ်သင့်ပြည်သူများအား အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေရချိန်မှာ စစ်တပ်က ပြည်သူတွေကို လူသားချင်း စာနာခြင်းကင်းမဲ့စွာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ဇူလိုင် ၁၀ရက်မနက်မှာ ဂွမြို့နယ်၊ ပေါက်တူးကျေးရွာနဲ့ ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာတို့ရှိ စာသင်ကျောင်းနဲ့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူသေဆုံးထိခိုက်မှု အဆောက်အအုံပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။

ပေါက်တူးကျေးရွာ စာသင်ကျောင်းနဲ့ လူနေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့သလို ကုလားချောင်းကျေးရွာမှ ၃ နှစ် ကလေးငယ် အပါအဝင် ၄ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာ အခုရက်တွေအတွင်း ဂွမြို့နယ် ရှိ အရပ်သားပြည်သူများနေထိုင်ရာနေရာ​​တွေကို လေကြောင်းမှ ဗုံးကြဲခြင်း၊ရေကြောင်းမှ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်းလည်း AAက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။