Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲတိုက်ပွဲမှာ စစ်တပ်က ရုပ်အလောင်းတွေထား ဆုတ်ခွာသွားတယ်လို့ မိုးဗြဲ PDF ပြော

ရှမ်း-ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းက သေဆုံးရုပ်အလောင်းတွေထားပြီး ဆုတ်ခွာသွားတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

(မိုးဗြဲ PDF က ရဲဘော်တွေကို တေဆွ့ရစဉ်။ ဓာတ်ပုံ - Mobye People Defense Force)

ဇူလိုင်-၁၁ ၊၂၀၂၆။ဇော်၀င်း/People’s Spring

ရှမ်း-ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းက သေဆုံးရုပ်အလောင်းတွေထားပြီး ဆုတ်ခွာသွားတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မိုးဗြဲမြို့ကတဆင့် မြို့ အနောက်တောင်ဘက်က လွယ်ယင်းမင်္ဂလာကျေးရွာကို တက်လာတဲ့ စစ်တပ်စစ် ကြောင်း နဲ့ တော်လှန်ရေးတပ်တွေဟာ နှစ်ပတ်၀န်းကျင်ကြာ အပြန်အလှန် ထိတွေ့မှုတွေမှာ စစ်တပ်အထိနာသွားတယ်လို့ ဆိုပါတယ်။

“လွယ်ယင်းတောင်ခြေဖြစ်ပါတယ်။တက်လာတဲ့စစ်ကြောင်းက ထိတွေ့မှုရှိတာလည်း လွယ်ယင်းတောင်ခြေကျေးရွာမှာဖြစ်ပါတယ်။ ဆုတ်သွားတာအတည်ပြုလို့ရပါတယ်။၈ ရက်နဲ့ ၉ ရက်နေ့ကတည်းကဆုတ်သွားတာဖြစ်ပါတယ်”လို့ မိုးဗြဲ PDF တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွေအတွင်းမှာ စစ်တပ်ဘက်က သေဆုံးသူ ၂၀ နဲ့ ၃၀ ၀န်းကျင်ရှိတယ်လို့ သူက ခန့်မှန်းပါတယ်။

“၇ ရက်နဲ့ ၈ ရက်နေ့ထိတွေ့မှုတိုက်ပွဲမှာ ခဲယမ်းကတော့ မရခဲ့ပါဘူး။စစ်အသုံးဆောင်အချို့ထားခဲ့တာမျိုးတွေတွေ့ရပါတယ်။ရုပ်အလောင်းတွေ တွေ့ရတယ်”လို့ မိုးဗြဲ PDF တာ၀န်ရှိသူက လတ်တလောစစ်ရေးကို ရှင်းပြပါတယ်။

စစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ထိတွေ့တိုက်ပွဲတွေ မဖြစ်မီက ဒရုန်းတွေနဲ့ စစ်တပ်တပ်စွဲတဲ့ လွယ်ယင်းတောင်ခြေတဝိုက်ကို တိုက်ခိုက်ခဲ့မှုတွေမှာလည်း ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ရှမ်းတောင်စစ်ဒေသ ဗျူဟာ(၁၄) တာ၀န်ရှိသူက ပြီးခဲ့တဲ့ရက်ပိုင်းက လူထုနွေဦးကို ပြောထားပါတယ်။

ဇွန်လ ၂၈ ရက်ကလည်း လွိုင်ကော်- မိုးဗြဲမြို့နယ်ကြားက စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီ JOC တော်လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုရရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။

“နန်းမယ်ခုံရရင် မိုးဗြဲ ၊လွိုင်ကော် နဲ့ ဒီမောဆိုရှေ့ခြမ်းကိုကောင်းကောင်းထိန်းချုပ်လို့ရသွားမယ့်အခြေ အနေ”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။

နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။