Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က အဆိုတော် တသသ ကိုပြန်ဖမ်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

( ၂၀၂၄ ဇွန်လက PDF ​တွေရဲ့ စဥ့်ကူးမြို့သိမ်းတိုက်ပွဲမှာ ရဲစခန်းကရဲ​တွေထွက်​ပြေးသွားတာ​ကြောင့် အချုပ်ထဲကအချုပ်သားအချို့လည်းလွတ်​မြောက်ခဲ့ရာအဆို​တော်တသသလည်းထွက်​ပြေးလွတ်​မြောက်ခဲ့စဥ်။ ဓါတ်ပုံ-တသသ ​ဖေစ်ဘွခ်)

ဇူလိုင်-၁၃၊၂၀၂၆။တာရာ/People’s Spring

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

အဆို​တော် တသသ ကို ပုသိမ်ကြီးမြို့နယ် အတွင်းက ကျေးရွာတစ်ရွာမှာ ပြီးခဲ့တဲ့ဇူလိုင်လ (၇) ရက်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

“သူလွတ်မြောက်စဥ်ကာလမှာလည်း အေးအေးဆေးဆေးပဲနေတယ်။ သူ့ကိုပြန်ဖမ်းမယ်ဆိုတာလည်းသိတယ်။ အေးအေးဆေးဆေးပဲပေါ့။ နဂိုကတည်းကသူလည်းထွက်ပြေးလာတာမဟုတ်ဘူး။ သူ့အသက်ရှင်သန်ဖို့အတွက် ပြေးလာရတာပေါ့” လို့ အဆို​တော် တသသနဲ့နီးစပ်သူတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုတော် တသသ သည် စဥ့်ကူးမြို့နယ်တရားရုံးမှာ တရားစီရင်မှုနဲ့ပတ်သက်ပြီး တရားရုံးရှေ့နေကို လူမှုကွန်ရက်ကနေ live လွှင့်ဝေဖန်ပြီးနောက် အာဏာသိမ်းစစ်တပ်က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့တရားစွဲဆိုအချုပ်ချခံထားရတာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-မန္တ​လေး(MDY-PDF )နဲ့ မဟာမိတ်တပ်​တွေက၂၀၂၄ ခုနှစ် ဇွန်လအတွင်းမှာ စစ်တပ်စခန်း​တွေကိုထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲတိုက်ခိုက်စဥ် စခန်းကရဲ​တွေက အချုပ်သား​တွေကို ထားပြီးထွက်​ပြေးကြတာ​ကြောင့်အဆို​တော် တသသ လည်းလွတ်​မြောက်ခဲ့တာဖြစ်ပါတယ် ။

အချုပ်က​နေလွတ်​မြောက်ခဲ့ပုံကိုလည်း တသသက လူမှုကွန်ရက်မှာ​အခုလိုရေးသားခဲ့ပါတယ်။

၂၀၂၄ ဇူလိုင်ပထမပတ်အတွင်းက စဥ့်ကူးမြို့ပေါ်မှာ စတင်ပစ်ခတ်မှုတွေရှိလာချိန် စဥ့်ကူးရဲစခန်းထဲက အချုပ်သားတွေကို လက်ထိပ်ခတ်ပြီး ဧရာဝတီမြစ်တဖက်ကမ်း ရွှေဘိုမြို့နယ်၊ မခေါက်ရွာက ပျူစောထီးစခန်းကို ယာယီ ပို့ခဲ့ပါတယ်။

အဲဒီလိုအပို့ခံရတဲ့ အချုပ်သားတွေထဲမှာ စဥ့်ကူးမြို့မရဲစခန်းမှာ အချုပ် ကျနေတဲ့ မြန်မာသံ အမျိုးသမီးအဆိုတော် တသသလည်း ပါဝင်ပါတယ်။

“စဉ်ကူးမှာတိုက်ပွဲ၂ကြိမ် ဖြစ်ပါတယ်။ ပထမတစ်ကြိမ်ဖြစ်တော့ ကျွန်မတို့ကိုအချုပ်ကထုတ်ပြီးလက်ထိပ်ခတ်၊ မခေါက်ရွာဘက်၇ရက်ထားပါတယ်။

၅ရက် ၆ရက်အထိ လက်ထိပ်ဖြုတ်မပေးပါဘူး။ လက်ထိပ်ခပ်ရတ် အိပ်ခဲ့ရတယ်။ ကျွန်မနဲ့အတူအချုပ်သားမိန်းကလေးပါတယ်။ ကျား၆ယောက်ပါတယ်။”လို့ အဆိုတော်တသသက ၂၀၂၄ခုနှစ်က လူမှုကွန်ရက်မှာ ရေးသားပါတယ်။

အဲဒီနောက် တစ်ပတ်ခန့်အကြာ တသသအပါအဝင် အချုပ်သားတွေကို စဥ့်ကူးမြို့သို့ပြန်ပို့ခဲ့ပါတယ်။ ပြန်ပို့အပြီး ၃ရက်မြောက်မှာ တိုက်ပွဲထပ်မံဖြစ်ပွားပါတယ်။ အဲဒီအချိန်မှာ စဥ့်ကူးရဲစခန်းက ရဲတွေဟာ အချုပ်သားတွေကို သော့ခတ်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ တသတသက ဆိုပါတယ်။

“စဉ်ကူးအချုပ်ပြန်ရောက်လို့ ၃ရက်မြောက်မှာ တိုက်ပွဲပြန်စဖြစ်တယ်။ စဉ်ကူးရဲစခန်းကရဲတွေအကုန်ထွက်ပြေးကြတယ်။ ကျွန်မတို့အချုပ်သားတွေကို သော့ခတ်ပြီး ပစ်ထားခဲ့ပါတယ်။ ထမင်း၂ရက်မစားရဘူး။ လေယာဉ်တွေ ဒုံးတွေနဲ့ဗုံးကျဲတယ်။ ကျွန်မတို့အသက်ကို ကျွန်မ မန်နေဂျာနဲ့ အဖွဲစီးတချို့က ပစ်ခက်ကြားကနေ အချုပ်ခန်းသော့ကိုရိုက်ဖျက်ပြီး လာကယ်ပေးခဲ့ပါတယ်။”လို့သူကအ​တွေ့အကြုံ​တွေကို လူမှုကွန်ရက်မှာ ရေးသားပါတယ်။

ဒါပေမယ့် အဆိုတော်တသသဟာ အချုပ်ဖောက်ပြီး ပြေးတာမဟုတ်ဘဲ စဉ်ကူးရဲစခန်းကရဲတွေက အချုပ်သားတွေကိုသော့ခတ်ထွတ်ပြေးသွားကြတာကြောင့် အသက်ရှင်သန်ရေးအတွက် ဗုံးကြဲနေတဲ့ကြားက ထွက်လာခဲ့ခြင်းသာဖြစ်ကြောင်း သူမကရေးသားပါတယ်။

“ကျွန်မကိုတရားခံပြေးလို့ထင်မှာဆိုးလို့ တင်ရခြင်းသာဖြစ်ပါသည်။ စဉ့်ကူးရဲတပ်ဖွဲဝင်များသည် စဉ့်ကူးရဲစခန်းထဲချုပ်ထားတဲ့အချုပ်သားတွေကို သောခက်ပစ်ထားခဲ့ပြီးအရင်ထွက် ပြေးခြင်းသာဖြစ်ပါတယ်။”လို့ အဆိုတော်တသသက ဆိုပါတယ်။

တသသတို့တတွေ အချုပ်အပြင်ရောက်တဲ့အချိန်မှာလည်း စစ်တပ်က ဒရုန်းနဲ့ရော လေယာဥ်နဲ့ပါ လိုက်အပစ်ခံရလို့ အဖွဲ့သားတစ်ယောက် ခြေထောက်ထိသွားခဲ့တယ်လို့ တသသက ​ပြောခဲ့ပါတယ်။လမ်းကြောပြန်ပွင့်ပါက တရားဥပဒေအရ ရင်ဆိုင်မယ်လို့ သူက အဲဒီကတည်းကဆိုပါတယ်။

စစ်တပ်က စစ်မှုထမ်းတပ်သားသစ်​တွေစု​​ဆောင်းပြီး တပ်သားသစ်​တွေ ၊ပျူ​စောထီး​တွေနဲ့ အင်အားအများအပြားသုံးပြီး တန်ပြန်ထိုးစစ်ဆင်တာ​ကြောင့် ၂၀၂၅ ဒီဇင်ဘာလမှာတော်လှန်​ရေးတပ်​တွေ စဥ်ကူးမြို့နယ်ကို ပြန်လည်လက်လွှတ်ခဲ့ရပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။