Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်ကို စစ်တပ်က လေကြောင်းခြိမ်းခြောက်မှု လုပ်နေ

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။

(ကရင်နီပြည်နယ်မှာ အာဏာသိမ်း စစ်တပ်က ဗုံးကြဲဖို့ ပျံသန်းလာတဲ့ လေယာဉ်ကို တွေ့ရစဉ်။ ဓာတ်ပုံ − KNDF)

ဇူလိုင်−၁၅၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။

အာဆီယံရဲ့ မြန်မာနိုင်ငံအရေးအထူးကိုယ်စားလှယ် နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တချို့နဲ့ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာတွေ့ဆုံပြီးနောက်ရက်မှာ အခုလိုခြိမ်းခြောက်မှုတွေရှိလာတာလို့ ဆိုပါတယ်။

“မနေ့က(ဇူလိုင် ၁၄ ရက်)မနက်ကတည်းကနေ ညပိုင်းအထိ ဂျက်ဖိုက်တာရော Y 12တွေနဲ့လာတယ်။မကြဲဘဲ ခပ်နိမ့်နိမ့်ပျံတယ်။စစ်ရေးအရ အဲဒီလောက် ပြင်းထန်တာ မရှိပေမယ့် ထိုင်းဘက် ဆွေးနွေးမှုမှာ တစုံတခု သက်ရောက်ဖို့ ဖိအားပေးတာလို့ မြင်တယ်”လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့လေကြောင်းခြိမ်းခြောက်မှုက ဒီးမော့ဆိုနဲ့ ရှမ်းတောင်ဘက်ခြမ်းဒေသတွေကို သုံးကြိမ်ထက်မနည်းရှိခဲ့ပြီး လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း လေကြောင်းတိုက်ခိုက်မှုမှာ အသက် ၄၀ ကျော်အရွယ်စစ်ရှောင်အမျိုးသမီး ၁ဦး သေဆုံးခဲ့တယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။

ဒါကြောင့် အခုရက်ပိုင်း စစ်တပ်ရဲ့လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်နေထိုင်ကြဖို့လည်း သူတို့က တိုက်တွန်းပါတယ်။

မြန်မာအရေးနဲ့ပတ်သက်ပြီး အာဆီယံအထူးကိုယ်စားလှယ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS ၊ မွန်ပြည်သစ်ပါတီတွေနဲ့ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ဇူလိုင် ၁၃ ရက်က တွေ့ဆုံခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

တွေ့ဆုံဆွေးနွေးမှုက ကောင်းမွန်တယ်လို့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇရိုကပြောထားပေမယ့် ဘယ်လိုအကြောင်းအရာတွေ ပါ၀င်တယ်ဆိုတာ မသိရသေးပါဘူး။

ဒါ့အပြင် ပတ္တရားတွေ့ဆုံမှုမှာ ပါ၀င်တဲ့အချက်အလက်တွေနဲ့ပတ်သက်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကို လူထုနွေဦးက ဆက်သွယ်မေးမြန်းပေမယ့် အကြောင်းပြန်တာမရှိသေးပါဘူး။

မြန်မာအရေးနဲ့ပတ်သက်ပြီး ကမကထ လုပ်တဲ့တွေ့ဆုံ ဆွေးနွေးမှုတွေမှာ ထိုင်းအစိုးရဟာ မြန်မာ့အာဏာသိမ်းစစ်တပ်နဲ့ အကျိုးတူမိတ်ဖက်အဖြစ် သိသာတဲ့ခြေ လှမ်းတွေ ဖြစ်လာတယ် လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု သုံးရက်ဆက် ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကျောက်ဖြူတိုက်ပွဲတွေအတွင်း အကျအဆုံးများ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူ-ရမ်းဗြဲ-အမ်းလမ်းမပေါ်မှာရှိတဲ့ မင်းကြောင်ချောင်းတံတားကို ယမန်နေ့ကညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနှစ်စီးနဲ့ ဗုံးလေး လုံးကြဲချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ကံရင်းရွာ စစ်တပ်က ဂျိုင်ရို ကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးနဲ့ဗိုက်ထဲ သမီးငယ် အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။