Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူတိုက်ပွဲ အထိနာနေချိန် ကျောက်ဖြူ – မအီလမ်းပေါ် မှ မင်းကြောင်ချောင်းတံတားကို စစ်တပ်ဗုံးကြဲ

ကျောက်ဖြူတိုက်ပွဲတွေအတွင်း အကျအဆုံးများ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူ-ရမ်းဗြဲ-အမ်းလမ်းမပေါ်မှာရှိတဲ့ မင်းကြောင်ချောင်းတံတားကို ယမန်နေ့ကညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနှစ်စီးနဲ့ ဗုံးလေး လုံးကြဲချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ်ဗုံးကြဲပြီး​​နောက် မင်း​ကြောင်​ချောင်းတံတားကို​တွေ့ရစဥ်။ဓါတ်ပုံ-APM )

ဇူလိုင်-၁၅၊၂၀၂၆။ခိုင်မြတ်/People’s Spring

ကျောက်ဖြူတိုက်ပွဲတွေအတွင်း အကျအဆုံးများ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူ-ရမ်းဗြဲ-အမ်းလမ်းမပေါ်မှာရှိတဲ့ မင်းကြောင်ချောင်းတံတားကို ယမန်နေ့ကညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနှစ်စီးနဲ့ ဗုံးလေး လုံးကြဲချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမ်းမြို့နယ်၊မအီနဲ့ ရမ်းဗြဲကျွန်းတို့အကြား အဓိကအသုံးပြုရာ တခုတည်းသော ကားလမ်းမပေါ်ရှိ တံတားကို စစ်တပ်ကဗုံးကြဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

“မင်းကြောင်တံတားက ဒီလမ်းမှာ အကြီးဆုံးတံတားပဲ၊ အရင်တိုက်ပွဲကာလကလည်း တခေါက်ကြဲထားပြီပြီ။ ပျက် နေလို့ ကိုယ့်ဘက်က ပြင်နေကြတုန်းရှိသေးတယ်။ထပ်ပြီးတော့ ကြဲတာ။ တံတားပေါ်မှာ တလုံးကျတယ်။ တံ ထိသွားတယ်”လို့ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ဖြူမြို့နယ်၊သံဇစ်မြစ်ပေါ် ရပ်ထားတဲ့ စစ်သင်္ဘောပေါ်ကနေဂျိုင်ရိုကော်ပတာ နှစ်စီးလွှတ်ကာ ဇူလိုင်လ ၁၄ ရက် ညနေ ၃ နာရီကျော်အချိန်မှာ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာကျောက်ဖြူမြို့နယ်အတွင်းကတောင်မော်ဦးရေတပ်စခန်းနောက်ဆုံးကာကင်း တိုက်ခိုက်ခံနေရပြီး ကျန်တပ်ရင်း၊ တပ်စခန်းတွေလည်း ဝန်းရံပိတ်ဆို့ခံထားရချိန် အခုလို ဆက်သွယ်ရေးအတွက် အရေးကြီးတဲ့တံတားကို ဗုံးကြဲလာတာပါ။

“ကျောက်ဖြူအခြေအနေကပင်လယ်ထွက်ပေါက်ကလွဲရင် တခြားထွက်လမ်းမရှိတော့ဘူးလေ။ အဲလိုဆိုတော့ အေအေက ထပ်မလာနိုင်အောင် တံတားတွေချိုး၊ လမ်းတွေဖျက် လုပ်နေတာလို့ပဲ မြင်တယ်။ ဒါပေမယ့် ဒါက အေ အေကို ဘာမှထိခိုက်မှာမဟုတ်ဘူး။ ပြည်သူတွေ ဒုက္ခရောက်အောင်လုပ်တာနဲ့ အတူတူပဲ” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ တိုက်ပွဲတွေမှာအထိနာတိုင်း အရပ်သားပြည်သူတွေ နေတဲ့ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းတွေနဲ့လမ်း၊တံတား၊ အဆောက်အဦးတွေကို ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေတာဖြစ် တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခု ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ် သိမ်းပိုက်ခံရပြီးတဲ့နောက်ပိုင်းမှာလည်း စစ်တပ် ဟာ ပုဏ္ဏားကျွန်းနဲ့ စစ်တပ်တွေမြို့နယ်အစပ်ရှိ မင်းချောင်းတံတားကို ဗုံးကြဲချိုးဖျက်ခဲ့ပါသေးတယ်။ ရခိုင်ဒေသ တိုက်ပွဲနှစ်နှစ်ကျော်အတွင်း စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ရတဲ့ တံတားပေါင်း ဆယ်နဲ့ချီရှီ​နေပြီဖြစ်ပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီး အ၀တောင်ကာကင်းခစန်းက စစ်ကြောင်းထိုးလာ တဲ့ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး ရက်ပိုင်းအတွင်း စစ်တပ်အလောင်း တဆယ်ကျော် သိမ်းဆည်းရမိထားတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောထားပါတယ်။

“၁၂ ရက်နေ့လောက်က တိုက်ပွဲစဖြစ်တယ်။ တိုက်ပွဲကလည်း ဒီကောင်တွေ ရှေ့တိုးလာလို့ဖြစ်တာပါ။အခုပြန်ဆုတ်ပြေးသွားပြီ။ အလောင်း တဆယ်ကျော်ရထားတယ်။ တိုက်ပွဲက ဒီနေ့လည်း ဖြစ်နေကြတယ်” လို့ မြေပြင်မှာ ရှိနေတဲ့ AA နဲ့ နီစပ်သူသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းအာဏာသိမ်းစစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို AA က မြေပြင်ထိုးစစ်အပြင် အဝေးပစ် လက်နက်ကြီး၊ စနိုက်ပါတို့နဲ့ တိုက်ခိုက်နေတာကြောင့် စစ်တပ်တပ်ဘက်က ထိခိုက်၊ သေဆုံးသူတွေ နေ့စဉ်နီးပါးရှိ နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။

AA ဟာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးရှိ စစ်တပ်ကာကင်းခစန်းကို မြေပြင်ကနေ ထိုးစစ် ဆင်နေပြီး အမှတ်(၃၂)ရဲတပ်ရင်းအနီးကာကင်းစခန်းတွေနဲ့ မင်းပြင်၊ သိုင်းချောင်းစခန်းတွေကိုတော့ စနိုက်ပါ၊ အ ဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေတာပါ။

ကျောက်ဖြူမြို့နယ်အတွင်းက ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်က အထိနာ၊ အကျအဆုံးများနေသလို လက်နက်ချ၊ အလင်းဝင်လာသူတွေလည်း အများအပြားရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

အဲဒီလို အထိနာနေတဲ့ စစ်တပ်ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အရပ်ဘက်လူနေကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ကျောက်ဖြူပင်လယ်ပြင်အတွင်း သွားလာနေကြတဲ့ ကုန်တင်၊ ခရီးသည်တင်စက်လှေတွေ၊ ငါးဖမ်းစက်လှေတွေကို လည်း ဖမ်းဆီးတာတွေ လုပ်နေပါတယ်။

ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်အားလုံးနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက နေရာအများစုကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အာဏာသိမ်းစစ်တပ်ရဲ့ဓည၀တီရေတပ်စခန်း၊တောင်မော် ဦးရေတပ်စခန်း၊ အမှတ်(၃၂) ရဲတပ်ရင်းတို့ကို ဝန်းရံပိတ်ဆို့၊ တိုက်ခိုက်နေပြီး မြို့အနီးပတ်လည်က တပ်ရင်းတွေကို လည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ​ပြောထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု သုံးရက်ဆက် ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ကံရင်းရွာ စစ်တပ်က ဂျိုင်ရို ကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးနဲ့ဗိုက်ထဲ သမီးငယ် အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။