Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်ကို စစ်တပ်က Y12 လေယာဉ်နဲ့ ဗုံးကြဲလို့ အမျိုးသမီး ၂ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မုန်း(မူး)မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား၂ဦး သေဆုံးခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ်ဗုံကြဲလို့​သေဆုံးခဲ့တဲ့ ပြည်သူ ၂ဦး။ဓါတ်ပုံ-KNU)

ဇူလိုင်-၁၆၊၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မုန်း(မူး)မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား၂ဦး သေဆုံးခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၃ရက်က မုန်းမြို့နယ်ကကျေးရွာတွေကို စစ်တပ်က Y12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၂၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။စစ်တပ်ကဟီအူးကျေးရွာ၊ ရှဲဒေးကျေးရွာနဲ့ မီးရထားကျေးရွာများပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မီးရထားကျေးရွာက အသက် ၅၇ နှစ်နဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသမီး ၂ဦး သေဆုံးခဲ့ရတာလို့ အသိပေးပါတယ်။

“တိုက်ခိုက်ခံရသည့် နေရာများတွင် တိုက်ပွဲဖြစ်ပွားခြင်း သို့မဟုတ် စစ်ရေးလှုပ်ရှားမှုများ မရှိခဲ့ဘဲ၊ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်” လို့ KNUက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စျေးဆိုင်အချို့ ပျက်စီးခဲ့ရကြောင်းလည်း အသိပေးပါတယ်။

KNU တပ်မဟာ(၃)နယ်မြေဖြစ်တဲ့ မုန်းမြို့နယ်အပါအဝင် KNU အုပ်ချုပ်နယ်မြေတွေက အရပ်သား နေထိုင်ရာနေရာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ဒရုန်းနဲ့ ဗုံးကြဲတာတွေကိုလည်း မကြာခဏ လုပ်တာ​ကြောင့် ပြည်သူသေဆုံးထိခိုက်မှုတွေ အများအပြားရှိခဲ့ပါတယ်။

စစ်တပ်က အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ နေ့စဉ် အသက်အန္တရာယ် စိုးရိမ် နေကြရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများလည်း ပိုမိုဆိုးရွားလာလျက်ရှိတယ်လို့ KNUက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က အရပ်သားပြည်သူတွေ သတ်ဖြတ်ပြီး နေအိမ်တွေ ဖျက်ဆီးနေတယ်လို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့ ဇူလိုင်၁၇ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းဝင်လာချိန် တိုက်ခိုက်ခံရလို့ သေဆုံးခဲ့တဲ့ ရဲကွန်မန်ဒိုတွေကို စစ်တပ်က လုံခြုံရေးယူပြီး ဆွမ်းသွပ်တရားနာပြုလုပ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

Facebook