Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့မှာ ဖုန်းလိုင်းတွေ ပြတ်တောက်

ရန်ကုန်မြို့မြို့နယ်အများစုမှာ အာဇာနည်နေ့ နံနက်ပိုင်းက ဖုန်းလိုင်းတွေ တစ်နာရီနီးပါး လိုင်းပြတ်တောက်နေကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

(ရန်ကုန်မြို့မှာ စစ်ကားတွေ လှည့်လည်သွားလာနေစဥ်။ ဓာတ်ပုံ-CJ)

ဇူလိုင်-၁၉၊၂၀၂၆။သုည/People’s Spring

ရန်ကုန်မြို့မြို့နယ်အများစုမှာ အာဇာနည်နေ့ နံနက်ပိုင်းက ဖုန်းလိုင်းတွေ တစ်နာရီနီးပါး လိုင်းပြတ်တောက်နေကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

ဒီကနေ့ (ဇူလိုင် ၁၉) နံနက် ၈ နာရီဝန်းကျင်မှ လက်ရှိ ၉ နာရီအထိ တစ်နာရီနီးပါး MPT ၊ ATOM ၊ Ooredoo စတဲ့ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်ကာဆက်သွယ်မရကြောင်း ရန်ကုန်မြို့နေပြည်သူတစ်ဦးကပြောပါတယ်။

“ရန်ကုန်မှာ MPT ၊ ATOM ၊ Ooredoo ဖုန်းလိုင်းတွေ မရတော့တာ တစ်နာရီနီးပါး ရှိပြီ။

Public Service Announcement

Public Service Announcement

၈ နာရီလောက်ထဲကမရတာပါ။မအလ အာဇာနည်ကုန်းကို လာလို့ ဖုန်းလိုင်းတွေ မရတာလို့တော့ သိရတယ်။Jumper ဆင်ထားတဲ့ စစ်ကားတွေ ရန်ကုန်မှာ နေရာတိုင်နီးပါး ပတ်နေတာ တွေ့ရပါတယ်။ တချို့ဖုန်းတွေက လိုင်းတစ်တုံးပေါ်ပေမယ့် ဆက်လို့မရဘူး။ Wifi နဲ့တော့ အင်တာနက်တွေ သုံးလို့ရပါသေးတယ်” လို့ရန်ကုန်မြို့နေပြည်သူတစ်ဦးကပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဒီက​နေ့မနက်ပိုင်းကရန်ကုန်မြို့၊ဒဂုံမြို့နယ် အာဇာနည်ကုန်းမှာ အာဇာနည်နေ့ အခမ်းအနားကျင်းပနေပြီး တစ်မြို့လုံးရှိ လမ်းဆုံလမ်းခွနဲ့ နေရာအများအပြားမှာ စစ်တပ်က လုံခြုံရေး တင်းကြပ်နေတဲ့အပြင် ဂျန်မာ တပ်ဆင်ထားတဲ့ စစ်ကားတွေလည်း လှည့်ပတ်သွားလာနေကြောင်း ရန်ကုန်မြို့ရှိ အဌားယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့​​နေပြည်သူတဦးက​တော့”အာဏာရူး မင်းအောင်လှိုင် အာဇာနည်နေ့ အခမ်းအနားကို တက်နေလို့ ဖုန်းလိုင်းတွေ ဖြတ်ထားတာ ထင်ပါတယ်။ သူ့ကို ဒရုန်းနဲ့ပစ်ချမှာ ကြောက်ပြီး တစ်မြို့လုံးနီးပါးကို ဂျန်မာ တပ်ထားတဲ့ စစ်ကားတွေ သွားနေတာပါ။ ဂျပုက လူရှေ့လည်း ထွက်ချင်တယ် ပြည်သူတွေ သူ့ကိုဝိုင်းလုပ်မှာလည်းကြောက်နေတာပါ”လို့ မြို့ပြသပိတ်အဖွဲ့ဝင်လူငယ်တဦးကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်က မြို့နယ်​ပေါင်း ၁၀၀ ​ကျော်မှာအင်တာနက်ဖြတ်​တောက်မှု​တွေလုပ်ခဲ့တယ်လို့ အင်တာနက်ဖြတ်​တောက်မှု​တွေကို​စောင့်ကြည့်မှတ်တမ်းတင်​နေတဲ့ Access Now က​ဖော်ပြပါတယ် ။

ဒါ့အပြင် အင်တာနက်လွတ်လပ်ခွင့်၊ အင်တာနက်ပိတ်ဆို့မှု​တွေ ကို စောင့်ကြည့်လေ့လာ​နေတဲ့ Myanmar Internet Project (MIP) ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာ မှာ ၂၀၂၅ တစ်နှစ်တည်းမှာစစ်တပ်ကအင်တာနက်/မိုဘိုင်းဝန်ဆောင်မှု ဖြတ်တောက်မှု ၁၀၅ ကြိမ် ကို ပြည်နယ်နဲ့တိုင်း ၁၄ ခုရှိ မြို့နယ် ၇၃ ခု မှာလုပ်ခဲ့တယ်လို့​ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook