Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နဲ့ နေပြည်တော်မှာ တွေ့ဆုံမှု ထူးခြားမှုမရှိဟု TNLA ဆို

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

(တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာဇူလိုင်၁၉ရက် တွေ့ဆုံနေတာကိုစစ်တပ်ကထုတ်ပြန်ထား​သောဓါတ်ပုံ)

“ဒီဆွေးနွေးပွဲကထူးခြားတာမရှိဘူး။ပုံမှန်တွေ့နေကြတွေ့ဆုံမှုသာဖြစ်တယ်။အရင်တုန်းက ဆိုရင်ကူမင်းမှာတွေ့ဆုံတာမျိုးတွေရှိတယ်။ဒီတကြိမ်မှာတော့နေပြည်တော်မှာတွေ့ဆုံတာပဲဖြစ်ပါတယ်။”

— TNLA​ပြော​ရေးဆိုခွင့်ရှိသူ

ဇူလိုင်-၁၉၊၂၀၂၆။ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

အဖွဲ့ ဒုဥက္ကဋ္ဌ တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့စစ်တပ်ဟာဇူလိုင် ၁၉ရက်က စတင်ဆွေးနွေးနေတာလို့ ပြောပါတယ်။

“လောလောဆယ်မှာတော့ ဒီနေ့ဘာတွေ ဆွေးနွေးသွားတယ်နောက်ထပ်ဘာကို ဆွေးနွေးပြီးတော့ ဘာတွေ ရလဒ်တွေထွက်လဲဆိုတာ ကိုယ်စားလှယ်တွေ ပြန်ရောက်မှ ပဲအခြေအနေကို သိနိုင်မှာ ဖြစ်ပါတယ်”လို့လွေးယေဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်နဲ့ အရင်တုန်းက ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ၊ TNLA အဖွဲ့ရဲ့ ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီးမေးမြန်းရာ လောလောဆယ် ရှင်းပြနိုင်ခြင်းမရှိသေးဟု ပြောပါတယ်။

“ဒီဆွေးနွေးပွဲက ထူးခြားတာမရှိဘူး။ ပုံမှန်တွေ့နေကြ တွေ့ဆုံမှုသာဖြစ်တယ်။ အရင်တုန်းက ဆိုရင် ကူမင်းမှာ တွေ့ဆုံတာမျိုးတွေရှိတယ်။ ဒီတကြိမ်မှာတော့ နေပြည်တော်မှာ တွေ့ဆုံတာပဲဖြစ်ပါတယ်။” လို့ လွေးယေဦးက ပြောပါတယ်။

TNLAနဲ့ စစ်တပ်ဟာ ၂၀၂၅ အောက်တိုဘာ လကုန်ပိုင်းမှာ အပစ်ရပ်ပြီးနောက် တလတကြိမ် သို့မဟုတ်နှစ်လတကြိမ်ပုံမှန်ဆွေးနွေးတာရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ ဖိအား ကြုံရတာရှိမရှိ မေးမြန်းရာ အဲဒီကိစ္စ ကြားသိရတာမရှိဟုလွေးယေဦးက ပြောပါတယ်။ TNLA အနေနဲ့ စစ်တပ်ရဲ့ လေကြောင်းစစ်ဆင်ရေးဖိအား၊တရုတ်အစိုးရရဲ့ ဖိအားကြောင့် စစ်တပ်နဲ့ အပစ်ရပ်စဲခဲ့ရကြောင်းအရင်ကထုတ်ဖော်ပြောဆိုထားဖူးပါတယ်။

TNLAနဲ့ ကိုးကန့်တပ် MNDAA တို့ဟာ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ မဟာမိတ်တွေနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပြီး စစ်တပ်စခန်း ရာချီနဲ့ မြို့တွေများစွာ သိမ်းပိုက်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သိမ်းထားတဲ့ မြို့တွေကို စစ်တပ်ထံ ပြန်ပေးပြီး စစ်တပ်နဲ့ အပစ်ရပ်စဲခဲ့ကြသလို နောက်ဆက်တွဲ ဆွေးနွေးမှုတွေ လုပ်ဆောင် နေကြတဲ့ အဖွဲ့အစည်းတွေလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။