Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့​မှာရွှေဆိုင်ဓားပြတိုက်ခံရပြန်

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားပြီး၊ ပျူ​စောထီး​တွေများတဲ့မန္တလေးမြို့မှာ ဒီက​နေ့ည​နေပိုင်းက ချမ်းမြသာစည်မြို့နယ်ထဲက မီလျံနာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၅၀ ကျပ်သားဝန်းကျင် ပါသွားတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌မြို့ခံ တွေက ပြောပါတယ်။

ဇူလိုင်-၂၀၊၂၀၂၆၊ကတ်သရင်း၊​မေရီ/People’s Spring

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားပြီး၊ ပျူ​စောထီး​တွေများတဲ့မန္တလေးမြို့မှာ ဒီက​နေ့ည​နေပိုင်းက ချမ်းမြသာစည်မြို့နယ်ထဲက မီလျံနာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၅၀ ကျပ်သားဝန်းကျင် ပါသွားတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌မြို့ခံ တွေက ပြောပါတယ်။

ဇူလိုင်လ၂၀ ရက် ည​နေ ၃နာရီခန့်မှာ ၁၁၀လမ်း၊ ၆၂ လမ်းနဲ့ ၆၃ လမ်းကြားကမီလျံနာရွှေဆိုင်ကို ဆိုင်ကယ် ၃စီးနဲ့ လူ၅ဦးကလာရောက်လာပြီး ​သေနတ်ပြ ဓားပြတိုက်ခဲ့တာဖြစ်ပါတယ်။

“ဆိုင်ကဝန်ထမ်းတ‌ယောက်ခေါင်း ပေါက်သွားတယ်။ ရွှေကအထည် တွေတော် တော်ပါသွားတယ်လို့ပဲကြားသေးတယ်။စစ်တပ် နဲ့ရဲတွေရောက်ပြီး စစ်နေကြတာ”လို့ မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဓါးပြတိုက်ခံရတာကို ​ရွှေဆိုင်မှာတပ်ထားတဲ့ CCTV ကမှတ်တမ်းတင်ထားတဲရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ​နေပြီး ဒဏ်ရာရသူအမျိုးသားဝန်ထမ်းဟာ ဆိုင်ထဲ ​သေနတ်ကိုင်ထားတဲ့ ဓါးပြ​တွေဝင်​ရောက်သွားတာ​တွေ့ပြီ

အပြင်က​နေ ဆိုင်ထဲဝင်ဖို့လုပ်ချိန်မှာရိုက်နှက်ခံရတာဖြစ်ပါတယ် ။ ​​သေနတ်ကိုင်ပြီး ဓါးပြတိုက်ခဲ့တဲ့ လူ ၅ ဦးဟာ စက္ကန့်ပိုင်းအတွင်းဆိုင်ထဲဝင်လာပြီး ​ဆိုင်ကလူ​တွေကို​သေနတ်ပြကာ လိုချင်တာအမြန်ယူထွက်သွားတာကိုရုပ်သံမှတ်တမ်းမှာ​တွေ့ရပါတယ်။

လမ်း၁၁၀ဘဟာ မနော်ရမံလမ်းလို့လည်း ခေါ်ပြီး မန္တ​လေးမြို့မှာ လူစည်ကားတဲ့လမ်းဖြစ်ပါတယ်။ဒါ့အပြင် ဒီနေရာ တွေဟာ စစ်တပ်လက်​အေက်ခံပျူစောထီးတွေနဲ့ လူမိုက်ဂိုဏ်းတွေကြီးစိုးတဲ့ နေရာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အခုကဆိုင်တဆိုင်ဖွင့်မယ်ဆိုရင် နယ်ပိုင်ဆိုတဲ့ပျူတွေက ဘယ်သူ့အပ်ထားတာလဲ လာမေးတာ။အပ်တယ်ဆိုတာလစဉ်ဆက်ကြေး သဘောမျိုးပေးရတာ။အဓိက က ရွှေဆိုင်၊ဘီယာဆိုင် နဲ့ KTV တွေပဲ။ မပေးရင်ပြသနာတက်တာပဲ”လို့မြို့ခံတဦးကပြောပါတယ်။

မန္တလေးမြို့မှာစစ်တပ်အာဏာသိမ်းပြီး ကတည်းကရွှေဆိုင်​တွေဓားပြတိုက်ခံရမှု ၇မှု မနည်း ဖြစ်ခဲ့ပြီးစစ်အုပ်စုက တစ်မှုမှ တရားခံမဖမ်း​ပေးနိုင်ဘူးလို့ ​ဒေသခံအချို့က​ပြောပါတယ်။ ကျူးလွန်သူအများစုဟာ စစ်အုပ်စုလက်အောက်ခံ ပျူစောထီးတွေ ဖြစ်တယ်မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook