Connect with us

Hi, what are you looking for?

သတင်း

ခေါင်လန်ဖူးမှာ တိုက်ပွဲဆက်ဖြစ်

နယ်စပ်အနီး စစ်တပ်စခန်းမီးလောင်မှု၊ စစ်သားအလောင်းတွေကျန်ခဲ့တဲ့ရုပ်သံတွေထွက်ပေါ်

Screenshot

ဇူလိုင်-၂၃၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ခေါင်လန်ဖူးဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံတပ်တွေအကြား တိုက်ပွဲဆက်ဖြစ်​နေတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ရေးအခြေအနေ အသေးစိတ်ကိုတော့ မသိရ​သေးပဲ ၊ဆက်လက်မေးမြန်းထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် ကချင်သတင်းရင်းမြစ်အချို့ကခေါင်လဲဖူးဒေသမှာ KIA နဲ့ PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မြန်မာ-တရုတ်နယ်စပ်မှတ်တိုင်အနီးက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စခန်း မီးလောင်နေတဲ့ ရုပ်သံကိုဇူလိုင် ၂၃ရက်ညပိုင်းမှာ ဖော်ပြလာပါတယ်။

ဇူလိုင် ၁၃ရက်က နယ်ခြားမှတ်တိုင် ၃၀အနီးက စစ်တပ်နဲ့ စစ်တပ်လက်​အောက်ခံပြည်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်စခန်းကို ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် မီးလောင်နေတဲ့ မြင်ကွင်းကို တရုတ်ဘက်အခြမ်းက ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲမှာ စစ်သား ရုပ်အလောင်းအချို့ကျန်ခဲ့လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ရှင်းလင်း​ပေးတဲ့ ရုပ်သံကိုလည်းတွေ့ရပါတယ်။

ခေါင်လန်ဖူးတိုက်ပွဲအတွင်း စစ်တပ်နဲ့ ပြည်သူ့စစ်​တွေထံက​နေ လက်နက်ခဲယမ်းတွေ သိမ်းရခဲ့တာလည်း ရှိခဲ့ပါတယ်။

ခေါင်လန်ဖူးအပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းခဲ့ရာ လတ်တလော သတင်းတွေ ဖြေကြားဖို့ မရှိသေးဘဲ ဖြေကြားလို့ အဆင်ပြေတဲ့ အချိန် ပြန်လည်ဖြေကြားပေးမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။