ဇူလိုင် -၂၉ ၊၂၀၂၆/People’s Spring
မန္တလေးမြို့ကရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ(ဟောင်း) ဖြစ်သူကိုထက်မြတ်အောင်အပါအဝင်စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်တွေမှာပါဝင်သူရှစ်ဦး ထောင်ဒဏ် ၃၇ နှစ်ချခံလိုက်ရတယ်လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂတော်လှန်ရေးဦးဆောင်ကော်မတီက ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကိုထက်မြတ်အောင်အပါအဝင် လူရှစ်ဦးကို မန္တလေးမှာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလလယ်ပိုင်းမှာ စစ်တပ်က ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက်ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားတဲ့ ပုဒ်မ နဲ့ အမှု သုံးခု ၊ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မနဲ့ တစ်မှု တရားစွဲတာပါ။

Public Service Announcement
အခုတော့မန္တလေးအိုးဘိုထောင်တွင်းတရားရုံးကထောင်ဒဏ်တွေချလိုက်တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာကိုထက်မြတ်အောင်နဲ့ သပိတ်အဖွဲ့ဝင်တွေကို ဖမ်းဆီးပြီးလနဲ့ချီကြာအောင်သတင်းအစအနဖျောက်ဖျက်ပြီးမှမတရားထောင်ဒဏ်တွေချခဲ့တာလို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂတော်လှန်ရေးဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။
















































