Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗင်နီဇွဲလား ငလျင်ကြီးနှစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၆၀၀၀ ကျော်ထိရှိလာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

ဗင်နီဇွဲလား အမျိုးသား ညီလာခံရဲ့ ဥက္ကဋ္ဌ ဂျော့ဂျ်ရိုဒရီဂတ်ဇ်က အဲဒီ တုန်လှုပ်စရာ ကိန်းဂဏန်းကို ဩဂုတ် ၃ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ အခုအခါ ငလျင်တွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၁၂၅ ဦးထိ ရှိလာပြီ ဖြစ်ပါတယ်။

ဇွန်လ ၂၄ ရက်နေ့တုန်းက မဂ္ဂနီကျု ၇.၂ နဲ့ ၇.၅ အဆင့် ငလျင်ကြီးနှစ်ခုဟာ စက္ကန့် ၄၀ လောက်သာခြားပြီး ဆက်တိုက် လှုပ်ခတ်ခဲ့တာကြောင့် ကမ်းရိုးတန်းပြည်နယ် လာဂွိုင်ရာမှာ ဆိုးရွားလှတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဗင်နီဇွဲလားရဲ့ တခြားဒေသတွေမှာလည်း အနည်းနဲ့အများ ပျက်စီးမှုတွေ ကြုံခဲ့ပါတယ်။

ငလျင်ကြောင့် အဆောက်အအုံ ၂၀၀ ကျော်ဟာ လုံးဝဥဿုံ ပြားပြားဝပ် ပြိုကျခဲ့သလို တခြားပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။ အရင် ငလျင်ကြောင့် သေဆုံးစာရင်းကို ၅၅၄၆ ဦးလို့ ထုတ်ပြန်ထားပေမယ့် အခုတော့ ၆၀၀၀ ကျော်အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

လာဂွိုင်ရာ မြို့တော်ဝန် ဟိုဆေး အလက်ဂျန်ဒရို တာရန်က သူတာဝန်ယူ အုပ်ချုပ်ရာ ဒေသမှာ နောက်ထပ် လူပေါင်း ၁၄၀၀ ကျော် ပျောက်ဆုံးနေဆဲလို့လည်း ပြောကြားခဲ့ပါတယ်။ ဗင်နီဇွဲလား အစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပျောက်ဆုံးနေသူ အရေအတွက်ကို တိတိကျကျ မကြေညာပေမယ့် ၁၀၀၀၀ လောက်ထိ များပြားနိုင်ကြောင်း မှန်းဆမှုတွေလည်း ရှိနေပါတယ်။

လက်ရှိ အခြေအနေထိ လာဂွိုင်ရာနဲ့ မြို့တော် ကရာဆက်စ်တို့မှာ လူပေါင်း ၂၄၀၀၀ လောက်ဟာ ယာယီရွက်ဖျင်တဲတွေနဲ့ နေထိုင်နေကြရဆဲပါ။ ဗင်နီဇွဲလား လွှတ်တော် အမတ်တွေက အိမ်ခြံမြေတွေ ပိုပြီး လွယ်လွယ်ကူကူ ငှားရမ်းနိုင်အောင် အထောက်အကူပေးမယ့် ဥပဒေသစ် တစ်ရပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ တညီတညွတ်တည်း ထောက်ခံ အတည်ပြုခဲ့ပါတယ်။

ဗင်နီဇွဲလား ယာယီ သမ္မတ ဒီဆဲလ် ရိုဒရီဂတ်ဇ်က ဗင်နီဇွဲလား အစိုးရဟာ ငလျင်ဘေးသင့် ပြည်သူတွေအတွက် အခုနှစ်မကုန်ခင် အိမ်ခြေ ၄၀၀၀ လောက် ထောက်ပံ့ပေးဖို့ စီစဉ်နေကြောင်း အရင်က ပြောခဲ့ဖူးပါတယ်။ ၂၀၂၇ နှစ်ကုန်ချိန်မှာတော့ အဲဒီ အရေအတွက်ကို ၁၀၀၀၀ ကျော်ထိ တိုးနိုင်ဖို့ ရည်ရွယ်ကြောင်း သူက ဆိုပါတယ်။

နှစ်ဆန်းပိုင်းတုန်းက ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေက စီးနင်း ဖမ်းခေါ်သွားတဲ့နောက် ရိုဒရီဂတ်ဇ်က ယာယီ သမ္မတအဖြစ် နိုင်ငံကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။