Connect with us

Hi, what are you looking for?

သတင်း

ဆည်တော်ကြီးဆည်ရေတံခါးတွေ ဖွင့်ချထားလို့ အနီးအနား ကျေးရွာတွေ အရေးပေါ်ပြောင်းရွှေ့ဖို့ နှိုးဆော်

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။

ဓါတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီ

ဩဂုတ်-၄၊၂၀၂၆။တေဇ/People’s Spring

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။

ဆည်တော်ကြီးဆည်ရဲ့ကန်ရေပြည့်အမှတ်ကို ၁ ပေခွဲလောက်သာလိုတော့တာကြောင့် ဩဂုတ် ၃ ရက်ည ၈ နာရီမှာ ရေတံခါးတွေကို ဖွင့်ထားတာလို့ ဆိုပါတယ်။

တံငါတံတားရဲ့လက်ရှိရေအမှတ်ကလည်း စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် နောက်ထပ်ရေသုံး‌ပေထပ်တိုးလာရင် ကားလမ်းမတွေပေါ်ကိုရေကျော်နိုင်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်အနီးအနားကကျေးရွာတွေကချောင်းတွေလည်းရေကျော်နေတာကြောင့်ပုဂံစု၊ ရေချောင်း၊ သပြေချောင် နဲ့ အင်းသကား ကျေးရွာ‌ တွေမှာနေထိုင်သူ‌တွေအနေနဲ့ ကုန်းမြင့်ပိုင်းတွေကို အရေး‌ပေါ်ပြောင်းရွှေ့ဖို့ သတိပေးနှိုးဆော်ထားပါတယ်။

“အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးနိုင်ရန် “မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီးကော်မတီ” အနေဖြင့် အကောင်းဆုံး စုဖွဲ့ပြင်ဆင်ထားလျက် ရှိပါသည်။”လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်းဒေသကြီးကော်မတီအဖွဲ့ဝင်တွေက လက်ရှိမှာရေဘေးကြုံနေရတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေသွား​ရောက်လုပ်​ပေးနေပါတယ်။

​လေမျက်နှာမြို့မှာ ငဝန်မြစ်​ရေကာတာကျိုး​ပေါက်ပြီး တစ်မြို့နယ်လုံးနီးပါး​ရေ​ဘေးကိုဆိုးရွာစွာကြုံ​တွေ့​နေသလို ၊ကချင်ပြည်နယ်ဖားကန့်မြို့နယ် အပါအဝင်​ဒေသအချ်ို့မှာ​ရေကြီး​နေပါတယ် ။တချိန်တည်းမှာနိုင်ငံအလယ်ပိုင်းက​ဒေသအချို့မှာ မိုး​ခေါင်လို့သီးနှံ​တွေပျက်စီး​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook