Connect with us

Hi, what are you looking for?

သတင်း

ဘန်​ကောက်စစ်တပ်သံရုံးအနီး မင်း​အောင်

လုံခြုံရေးတင်းကြပ်တဲ့ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စိန့်လူးဝစ် (Saint Louis) BTS မှတ်တိုင်အနီး၊ မြန်မာသံရုံးရှေ့ လူကူးကုန်းတံတားပေါ်မှာ “Myanmar is bleeding. No handshakes with a brutal dictator”လို့​ရေးထားတဲ့ စာတန်းပါဘန်နာကို ရန်ကုန်လူထုသပိတ်နှင့်Burmese Exile Movement (BEM)တို့မှ ပူးပေါင်း ချိတ်ဆွဲပြီး အာဏာသိမ်း​ခေါင်း​ဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုကိုယ​​နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ပါတယ်။

ဓါတ်ပုံ- ရန်ကုန်လူထုသပိတ်

လှိုင် ခရီးစဥ်ကိုကန့်ကွက်​ကြောင်း ဘန်နာချိတ်ပြီး သပိတ်အဖွဲ့​တွေ ဆန္ဒပြ

“မြန်မာပြည်သွေးထွက်သံယိုဖြစ်နေတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်နဲ့လက်ဆွဲနှုတ်ဆက်ခြင်းမပြုရ”

— ရန်ကုန်သပိတ်၊ BEM

သြဂုတ်-၇၊၂၀၂၆။​နေ့သစ်/People’s Spring

လုံခြုံရေးတင်းကြပ်တဲ့ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စိန့်လူးဝစ် (Saint Louis) BTS မှတ်တိုင်အနီး၊ မြန်မာသံရုံးရှေ့ လူကူးကုန်းတံတားပေါ်မှာ “Myanmar is bleeding. No handshakes with a brutal dictator”လို့​ရေးထားတဲ့ စာတန်းပါဘန်နာကို ရန်ကုန်လူထုသပိတ်နှင့်Burmese Exile Movement (BEM)တို့မှ ပူးပေါင်း ချိတ်ဆွဲပြီး အာဏာသိမ်း​ခေါင်း​ဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုကိုယ​​နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ပါတယ်။

ဘန်နာစာတမ်းပါ စာသားဟာ “မြန်မာပြည် သွေးထွက်သံယို ဖြစ်နေတယ်ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်နဲ့လက်ဆွဲနှုတ်ဆက်ခြင်း မပြုရ” လို့ အဓိပ္ပါယ်ရပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်လူထုသပိတ်၊ စမ်းချောင်းပင်မသပိတ်၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန် အင်အားစုတို့ကထိုင်းအစိုးရကို အချက်(၅)ချက်ပါ​ ​တောင်းဆိုချက်ကိုလည်းထုတ်ပြန်ခဲ့​ကြောင်းလည်းထပ်မံအသိ​ပေးပါတယ်။

အဆိုပါအချက်(၅)ချက်မှာ

  • (၁) အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ၊ အတုအယောင်သမ္မတကို သံတမန်ရေးရာအရ တရာဝင်မှုပေးခြင်း၊ လူရာသွင်းဆက်ဆံခြင်း လုံးဝမပြုလုပ်ရန်
  • (၂) မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းအကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အပေါ် ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများက တင်းတင်းကျပ်ကျပ် ရပ်တန့်ဖို့ဖိအားပေးရန်
  • (၃) နယ်စပ်မျဉ်းတစ်လျှောက် တရားမဝင် ဒုစရိုက်လုပ်ငန်းများ၊ လူကုန်ကူးမှုများနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များသည် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့များကအကာအကွယ်ပေးလုပ်ကိုင်နေကြခြင်းဖြစ်သောကြောင့် နယ်စပ်ဒေသလုံခြုံအေးချမ်းတည်ငြိမ်မှု ပျက်ပြားစေသည့်အတွက် အကြမ်းဖက်စစ်တပ်နှင့် ဆက်ဆံရေး လုံးဝဖြတ်တောက်ရန်
  • (၄) မြန်မာပြည်သူများ အမှန်တကယ် လိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် တော်လှန်ရေး အင်အားစုများ၏ အသံကိုသာ ထိုင်းအစိုးရနှင့် အာဆီယံအဖွဲ့တို့က တရားဝင်အသိအမှတ်ပြုပေးရန်
  • (၅) ထိုင်းနိုင်ငံတာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ဆက်သွယ်မှုတစ်စုံတစ်ရာပြုလုပ်ပြီးတိုင်း နယ်စပ်မျဉ်းတစ်လျှောက်နှင့် ထိုင်းရောက် မြန်မာစစ်ဘေးရှောင်များ၊ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ မပြုလုပ်ရန်နှင့် လူ့အခွင့်အရေးနှုန်းစံများကို လေးစားလိုက်နာပါရန် တို့ဖြစ်ပါတယ်။

အာဏာသိမ်း​ခေါင်း​​ဆောင်ဟာ ထိုင်းအစိုးရရဲ့ ဖိတ်ကြားမှုနဲ့ ထိုင်းနိုင်ငံ၊ဘန်​ကောက်မြို့ကို သြဂုတ် ၆ ရက်မှာ​ရောက်လာတာဖြစ်ပြီးဒီက​နေ့ (သြဂုတ် ၇) မှာပြန်မှာဖြစ်ပါတယ်။မင်း​အောင်လှိုင်ရဲ့ခရီးစဥ်အ​ပေါ် ကန့်ကွက်ရှုတ်ချ​ကြောင်း ​တောက်ပ​သောအနာဂါတ်-Bright Future ကွန်ယက်က ဘန်​ကောက်မြို့ရှိ ကုလသမဂ္ဂရုံး​ရှေ့မှာ သြဂုတ် ၆ ရက်က ဆန္ဒပြခဲ့ပါတယ် ။

ထိုင်းနိုင်ငံက တက်ကြွလှုပ်ရှားသူ​တွေကလည်း စစ်ရာဇဝတ်​ကောင် မင်း​​အောင်လှိုင်ကို မကြိုဆို​ကြောင်း UN ရုံး​ရှေ့ နဲ့ ဘန်​ကောက်မြို့လယ်မှာ ယမန်​နေ့ည​နေပိုင်းက ဆန္ဒပြခဲ့ကြပါတယ် ။ ထိုင်းအဓိကအတိုက်အခံပါတီပြည်သူ့ပါတီ-PP ကလည်း မင်း​အောင်လှိုင်ကိုဖိတ်ကြားခဲ့တဲ့အတွက် ထိုင်းနိုင်ငံရဲ့ပုံရိပ်ကိုထိခိုက်​စေ​ကြောင်းကန့်ကွက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

Facebook