Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်-မန္တလေးလမ်းပိုင်း ရေကျော်နေလို့ ခရီးသွားယာဥ်တွေ ဖြတ်သန်းလို့ မရသေး

မတ္တရာမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းပိုင်းမှာ ရေကျော်နေလို့ ခရီးသွားယာဥ်တွေ ဖြတ်သန်းလို့မရသေးကြောင်း ဒေသခံတွေက ပြောပါတယ်။

(မိုးကုတ်-မန္တလေးလမ်း ရေကျော်နေစဥ်။ ဓါတ်ပုံံ-Myanmar Rescue Madaya)

သြဂုတ် ၈၊ ၂၀၂၆။မေရီ၊တာရာ/People’s Spring

မတ္တရာမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းပိုင်းမှာ ရေကျော်နေလို့ ခရီးသွားယာဥ်တွေ ဖြတ်သန်းလို့မရသေးကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၈ ရက် မနက်ပိုင်းမှာ မတ္တရာမြို့နယ်က မိုးကုတ်-မန္တလေးလမ်းမကြီး၊ တံငါကျေးရွာ ၂၅-၂၆ မိုင်တလျှာက် ကားလမ်း ရေကျော်နေဆဲဖြစ်တာကြောင့် ဆိုင်ကယ်တွေ၊ အိမ်စီးကားသေးတွေနဲ့ ကုန်တင်ကားတွေ ဖြတ်သန်းလို့ မရသေးဘူးလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မတ္တရာမြို့နယ်ရုံး)က ထုတ်ပြန်ပါတယ်။

“တံငါတံတား ဟိုဘက်ခြမ်း(တောင်ဘက်ခြမ်း)ရေဆက်ကျော်နေတာ။ လူတစ်ယောက်ရဲ့ ရင်ညွှန့်လောက်ရှိတယ်။ နေ့လယ်ပိုင်းအထိ ရေက ရှိနေတုန်းပဲ။ ဆိုင်ကယ်တောင်ဖြတ်မရလို့ ပေးမဖြတ်ပါဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မိုးကုတ်-မန္တလေးလမ်း အတက်အဆင်းလမ်း​တွေက တောင်ကြားတွေမှာလည်း မိုးများလို့ တောင်ပြိုကျပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားနေပြီး ခရီးသွားယာဥ်တွေ ရက်အတန်ကြာ ပိတ်မိခဲ့ကြောင်း၊ ယခုအခါ ကားသေးအချို့ သွားလို့ရပေမယ့် ကားကြီးတွေ ပိတ်မိနေဆဲဖြစ်ကြောင်း ခရီးသွားတွေက ပြောပါတယ်။

“ရေက မန္တလေးမြို့ပေါ်အထိ‌မရောက်သေးဘူ။ မတ္တရာဘက်ကတော့ အခြေအနေတော်တော်ဆိုးတယ်။ အခုကားလမ်းတွေအပေါ်ထိရေကျော်နေပြီ။ ကားတွေတောင်သွားလို့မရတော့ဘူး။ တိုက်ပွဲကလည်းဖြစ် ရေကလည်းကြီး အပူပေါ်အပူဆင့်နေတယ်”လို့ မန္တလေးဒေသခံတစ်ဦးက ပြောပါတယ်။

မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဆည်မှာ ရေများနေလို့ ရေတွေထုတ်လွှတ်နေတဲ့အတွက် မတ္တရာမြို့နယ်ထဲက ကျေးရွာအချို့ ရေကြီးနေပြီး ဒေသခံတွေ ရေဘေးရှောင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် မကြာခဏဆိုသလို ဓားပြမှု၊ လုယက်မှုများ ဖြစ်ပွားလျက်ရှိပြီး ပြီးခဲ့သည့် သြဂုတ် ၃ ရက်ကလည်း ရန်ကင်းမြို့နယ်ရှိ The Skin Studio အလှအပနှင့် ကျန်းမာရေး ဆေးခန်း၌ လုယက်မှု ဖြစ်ပွားခဲ့သေးသည်။