Connect with us

Hi, what are you looking for?

သတင်း

ကိုးကန့်တပ်ထိန်းချုပ်ဒေသအချို့ရေကြီး

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ထိန်းချုပ်‌ဒေသ သိန္နီနဲ့ ကွတ်ခိုင်မြို့မှာ မိုးကြီးပြီး ချောင်းရေလျှံလို့ ရေဘေးရင်ဆိုင်နေရပါတယ်။

(သိန္နီခရိုင်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုများဖြစ်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)

ဩဂုတ်-၉။၂၀၂၆။ကဖေး/People’s Spring

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ထိန်းချုပ်‌ဒေသ သိန္နီနဲ့ ကွတ်ခိုင်မြို့မှာ မိုးကြီးပြီး ချောင်းရေလျှံလို့ ရေဘေးရင်ဆိုင်နေရပါတယ်။

ဒေသတွင်းမှာ ဖြတ်သန်းသွားနေတဲ့ နမ့်ခိုင်ချောင်းနဲ့ နမ့်တိန်း၀မ်းချောင်းက ရေလျှံနေပြီး အနိမ်းပိုင်းရပ်ကွက်တွေ ရေဝင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“သိန္နီမှာက အနိမ့်ပိုင်းဆိုတော့ ရေပိုများတယ်။ မြေပြိုတာတွေလည်း ရှိတယ်။ ကွတ်ခိုင်ကတော့ မိုးရွာလိုက်၊တိတ်လိုက်ဖြစ်နေတယ်။ ရေပိုများလာမှာကို စိတ်ပူနေကြတာ”လို့ သိန္နီမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရှမ်းပြည်နယ်မြောက်မိုင်းမှာ ဇူလိုင်လကုန်ခန့်ကတည်းကမိုးများပြီး လက်ရှိမှာ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်တွေမှာ မြေ နိမ့်ပိုင်းနေရာတွေ ရေကြီးနစ်မြုပ်နေပါတယ်။ ထိန်းချုပ်ဒေသအချို့မှာ မြေပြိုမှုဖြစ်လို့ ပြင်ဆင်နေကြောင်းနဲ့ မြေထပ်ပြိုမယ့်အခြေအနေတွေ ရှိနေတယ်လို့လည်း MNDAAက ဩဂုတ်လဆန်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

MNDAA ဟာ ၂၀၂၃ အောက်တိုဘာ ၁၀ရက်မှာစတင်နဲ့ ၁၀၂၇စစ်ဆင်ရေးအတွင်း လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကို မဟာမိတ်တွေရဲ့အကူအညီနဲ့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ အပစ်ရပ်ခဲ့ပြီး လားရှိုးမြို့ကို ၂၀၂၅ ဧပြီမှာ ပြန်လွှဲပေးခဲ့ပါတယ်။သိန္နီနဲ့ ကွတ်ခိုင်မြို့အပါအဝင် MNDAA က ၎င်းတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စုစည်းပြီး ခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ကိုးကန့်အထူးဒေသကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေး ယန္တရားရာတည်ဆောက်နေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိရေဘေးကြုံနေတာက အဒေသတွင်းမှာ မိုးကြီးနေတဲ့ အပြင်တရုတ်နိုင်ငံဘက်က ရွှေလီမြစ် အထက်ပိုင်းရေပိုလွှဲက​ရေလွှတ်နေလို့ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဘက်ခြမ်းက လုံကျန်းရေအားလျှပ်စစ်စက်ရုံဟာ ဆည်ရေများနေတဲ့အတွက် ဩဂုတ် ၃ ရက် ညကစပြီး ဩဂုတ် ၆ရက်အထိရေပိုလွှဲက‌ နေရေထုတ်လွှတ်နေတာပါ။ ရွှေလီမြစ်တလျှောက် နေထိုင်သူတွေ သတိထားကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

ရွှေလီမြစ်ဟာ တရုတ်နိုင်ငံဘက်ကနေ မူဆယ်၊ နမ့်ခမ်း၊ မိုးမိတ်၊ မဘိမ်းမြို့နယ်တွေကို ဖြတ်ပြီး ဧရာဝတီမြစ်ထဲ စီးဝင်တာဖြစ်ပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့မှာလည်း မြို့နယ်အချို့ရေ ဘေးကြုံတွေ့နေပါတယ်။

ရေဘေးသင့်ပြည်သူတွေဟာကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သြဂုတ်လ၈ရက်နေ့ညမှာ ထုတ်ပြန်ထားပါတယ်။

ရာသီဥတုသတိပေးချက်အနေနဲ့ လာမယ့်ဩဂုတ် ၁၂ ရက်မှာ ထိုင်းနိုင်ငံဘက်မှ မုတ်သုံအား‌မြှောင်တန်း မြန်မာနိုင်ငံဘက်သို့ ရွေ့လျားမှာဖြစ်လို့ အနောက်တောင်မုတ်သုံလေ ပြန်လည်အားကောင်း လာနိုင်ပြီးသံလွင်မြစ်နဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျောက် မြစ်လက်တက်တွေ ရေထပ်မံတိုးလာနိုင်တယ်လို့ သတိပေးထားပါတယ်။ စစ်ကိုင်း၊ မန္တလေးဘက်မှ မြစ်ရေတွေက အောက်ပိုင်းသို့ ဆက်လက်စီးဆင်းလာမည်ဖြစ်ပြီး မိုးဆက်လက်များနိုင်လို့ မကွေးတိုင်းအတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးရှိ မြို့နယ်တွေသတိပြုနေထိုင်ကြဖို့နဲ့ လိုအပ်ပါက ကြိုတင်ရွှေ့ပြောင်းနေထိုင်ကြဖို့သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

သတင်း

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံက နာမည်ကျော် ဂရန်းကန်ညွန် (Grand Canyon) ချောက်ကြီးထဲမှာ ရုတ်တရက် ရေကြီးမှု တစ်ခုကြောင့် တောတောင် ခြေလျင်ခရီးသွား ၁၅ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။