Connect with us

Hi, what are you looking for?

သတင်း

ဖောင်းပြင်မြို့ကဆင်းလာတဲ့ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောတွေ။

ဩဂုတ်-၁၅ ၊၂၀၂၆။ဇော်၀င်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

မနေ့က(ဩဂုတ် ၁၄ ရက်)ဖောင်းပြင်းမြို့ကနေ မော်လိုက်မြို့ကို ဆင်းလာတဲ့ အစီးရေ ၂၇ စီးပါတဲ့ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ ဖလပ်တစီးထိသွားတယ်။အထိအခိုက်ရှိပြီး နောက်တစ်စီးနဲ့ တွဲပြီးစုန်သွားရတယ်”လို့ စစ်သင်္ဘောအုပ်စုကို ကင်းထောက်နေတဲ့ မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ဖက်ပစ်ခတ်မှုတွေရှိခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာ၊ရဟတ်ယာဉ်နဲ့

ကင်းထောက်ပစ်ခတ်မှုတွေအပြင် စစ်သင်္ဘောတွေကနေ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ပစ်ခတ်ခဲ့တယ်လို့ အသိပေးပါတယ်။

“မနေ့ကညပိုင်းအထိ သတင်းအရ စစ်သင်္ဘောအုပ်ကကလေးဝနယ်ဝင်သွားပြီ”လို့ စစ်ကိုင်းတိုင်းအထက်ပိုင်း သတင်းရင်းမြစ်က ပြောပါတယ်။

ကျောက်နဲ့ သစ်တင်ဖလပ်သင်္ဘော ၅စီး၊တိုက်ခိုက်ရေး ရေယာဉ် ၂စီး၊စစ်သင်္ဘော ၃စီးနဲ့ ၀န်ထမ်းတင်ထားတဲ့ရေယာဉ် ၂စီး အပါအ၀င် စစ်သင်္ဘောအုပ်စုမှာရေယာဉ် ၂၇ စီးရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်သင်္ဘောအုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှာ မုံရွာဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်းမြို့အထိ ဆန်တက်ခဲ့စဉ်တုန်းလည်း တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ချင်းတွင်းမြစ်ရေ မြင့်တက်ချိန်မှာ အထက်ပိုင်းဒေသတွေကို လက်နက်ခဲယမ်း၊ လူအင်အားနဲ့ စားနပ်ရိက္ခာတွေပို့ဆောင်ပြီး ဟုမ္မလင်းမြို့ကနေပြန်စုန်ဆင်းရင်တော့ ဖားကန့်ဒေသထွက် ကျောက်စိမ်းတွေနဲ့ ဟုမ္မလင်း၊ခန္တီးဒေသထွက် သတ္တုတွေ ပြန်သယ်လေ့ရှိပါတယ်။

စစ်သင်္ဘောအုပ်စုတိုက်ခိုက်မခံရရေးအတွက် စစ်တပ်က ချင်းတွင်းမြစ်ကမ်းတစ်လျှောက် ပစ်ခတ်မှုတွေကြောင့် အရပ်သားတစ်ချို့ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး မြစ်ကမ်းဘေးက ပြည်သူတွေ လုံခြုံရေးသတိပြုဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က တဆင့် အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောအုပ်စု အစီးရေ ၃၀ ခန့် ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ဘက်ဆီမနေ့ ( စက်တင် ဘာလ ၄ ရက်) ညပိုင်းမှာ စတင်ပြီး ဆန်တက်သွား တယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စက်တင်ဘာ ၂တိုက်ပွဲ စစ်သင်္ဘော၁စီး နစ်မြုပ်၊ ၂ စီး ပျက်စီးပြီး မြေပြင်စစ်တပ်စစ်ကြောင်းတပ်လန်

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။